》2《

1.7K 178 9
                                    

Unicode

"ခွမ်!!!!!!!"

Seokjinကော်ဖီ​ဖျော်ပြီးပြန်လာ​တော့ TVမှ လာ​နေ​သော SBSသတင်းမှသတင်းတစ်ခု​ကြောင့် လက်ထဲမှ ​ကော်ဖီခွက် လွတ်ကျသွား​​လေသည်။

TVမှာမြင်​နေရ​​​​သောသတင်းမှာ
****လမ်းမှာ ကားတိုက်မှုဖြစ်တယ်ဆိုတဲ့သတင်း

​သေဆုံးသူကိုကြည့်လိုက်​​တော့ ညက Joonဝတ်လာတဲ့ဝတ်စုံနဲ့
မဟုတ်မှ Joonများ

မဖြစ်နိုင်ပါဘူး joonက ဘယ်လိုလုပ်

Seokjin TVအားကြည့်​နေရင်း ​ခေါင်းတခါခါဖြစ်နေမိသည်။

TVမှ ​သေဆုံးသူကိုအနီးကပ်​တွေ့လိုက်ရချိန်မှာ​တော့ jinမျက်လုံးများပြာ​ဝေသွား​တော့သည်။
သူမြင်လိုက်တဲ့ ​သေဆုံးသူရဲ့လက်က လက်ပတ်​လေး​ကြောင့်​ပေါ့~~~
ထို့​နောက် ​​ခေါင်းထဲဝင်လာပါ​သော စကားသံတစ်ချို့~~~

"Namjoon ah....
မွေး​နေ့မှာ​ပျော်ရွှင်ပါ​စေ~~~​ရော့ ဒါမင်းအတွက်.."

"ဟာ လက်ပတ်​​လေးပဲ..မင်းပတ်​​ပေး​လေjin..."

ဟုတ်ပါသည် ဒီလက်ပတ်​လေးဟာ namjoonရဲ့ ၁၈နှစ်ပြည့်​​မွေး​​နေ့မှာ သူကိုယ်တိုင်ပတ်​ပေးခဲ့တဲ့ လက်ပတ်​လေး~~~
ဒါဆို....

​သေဆုံးသူရဲ့လက်ကလက်ပတ်လေးကိုကြည့်လိုက်​ခေါင်းခါလိုက်ဖြင့် seokjinအရူးတစ်​ယောက်ပမာဖြစ်​နေ​လေပြီ။

"ဟင့်အင်း မဟုတ်ဘူး joonက မဟုတ်ဘူး အီးးး ဟီးးးး မဟုတ်ဘူးးး"

TVကိုဆက်မကြည့်နိုင်​တော့ဘဲ seokjinငို​ကြွေး​နေမိသည်။

ထိုအချိန်~~~

"ဒယ်ဒီ..."

​seokjinငို​နေရင်းမှ အသံကြားရာသို့လှည့်ကြည့်မိလိုက်​တော့ ​လှေ​ကား​ပေါ်က​နေဆင်းလာတဲ့က​လေးငယ် တနည်း ​ချစ်ရသူရဲ့သား​လေး​ပေါ့~~~

က​လေးကို​တွေ့သည်နှင့် jin TVအား လှမ်း၍ပိတ်လိုက်သည်။

ဟုတ်တယ် က​လေးသိလို့မဖြစ်ဘူး က​လေးကငယ်​သေးတယ် ​လောကကြီးအ​ကြောင်းဘာမှသိ​​သေးတာမဟုတ်ဘူး...

Seojinမျက်နှာထက်က မျက်ရည်​တွေအား အမြန်သုတ်လို့ ဟန်​ဆောင်အပြုံးအား ပါးထပ်တင်​စေသည်။

You are my...?[COMPLETED]Where stories live. Discover now