》5《

1.2K 151 11
                                    

Unicode

Seokiinတရားရုံးက ပြန်လာပြီးကတည်းက သက်ပြင်းချ​နေသည်မှာအခုဆို ​နေ့လယ်၃နာရီ​တောင်ရှိ​နေပြီ။

Jung Soonheeတို့က Kookie​လေးကို ပြန်ရဖို့ကြိုးစား​နေသလို သူကလဲ Kookie​လေးအားပြန်မပါသွားဖို့ ကြိုးစား​နေရသည်။​​တော်​​သေးသည်က Kookieအား သူဆက်​ခေါ်ထားခွင့်ရသည်မို့။​ရှေ့​နေ ​ကောင်း​ကောင်းတစ်​ယောက်ကိုငှားပြီး Kookieကို ပြန်မပါသွား​အောင် အ​သေအလဲကြိုးစားခဲ့လိုသာ​ပေါ့။​နောက်မို့ဆို Kookieနဲ့သူခွဲရ​တော့မှာ။ဒါ​ပေမယ့် ပြသနာက ဒီ​လောက်နဲ့ပြီးမသွား Kookie 18နှစ်ပြည့်ရင် စီရင်ချက်က ပြန်ချရမယ်တဲ့။ဒါ​ကြောင့်မို့ သူ​တွေး​​နေမိတာက တစ်ခုထဲ Kookieသာ 18နှစ်ပြည့်တဲ့အချိန်ကျရင် သူ့ကိုထားခဲ့မှာလား..?
(ဥပ​ဒေကိစ္စအဝဝကို ကိုယ်​သေချာမသိပါဘူး​နော် စိတ်ကူးယဥ် ပြီး​ရေးထားတာမို့အမှားပါသွားရင် ခွင့်လွှတ်ကြပါ)

အခုက က​လေးကငယ်​သေးလို့သူနဲ့​နေမယ်​ပြော​​ပေမယ့် အချိန်တန် အသက်ကြီးလာရင်​ရော~~~

ဒီလိုသာဆို သူ​ခံနိုင်ရည်ရှိမှာမဟုတ်
ခုချိန်မှာ သူ့အတွက်သံ​ယောဇဥ်တွယ်စရာဆိုလို့ Kookieပဲရှိတော့တာ
Kookieနဲ့ခွဲဖို့ သူစဥ်းစားရုံနဲ့​တောင် သူ့ရင်​တွေ ပူ​လောင်လိုက်တာ
တကယ်လို့သာခွဲခဲ့ရရင်...
ဟင့်အင်း သူKookieနဲ့ မခွဲနိုင်ဘူး....

"Joon​ရေ...
ငါ​ဘဝမှာ မင်းသားမရှိလို့ မဖြစ်​တော့ဘူးထင်တယ်ကွာ~~~"

တဖက်မှာလဲ~~~

Jung Soonheeတစ်​ယောက် တရားရုံးကပြန်လာကတည်းက ထိုင်ခုံ​ပေါ်တွင်ထိုင်ကာ ငို​နေ​တော့သည်။

တရားရုံးမှာတင်းထားသမျှမျက်ရည်​တွေသည် အခု​တော့ တာကျိုးသဖွယ် ကျဆင်း​နေ​တော့သည်။
အခုလဲ သူ(မ)သား​လေးကို ​ခေါ်ထားခွင့်မရပြန်ဘူး
မိခင်ရင်းမို့ သူနိုင်မယ်ထင်ခဲ့​​ပေမယ့် တကယ်တမ်း​တော့ သူ(မ)ရှုံးခဲ့ရပြန်ပြီ

သား​လေးအား ​မွေးပြီးတစ်ခါ​တွေ့ရကတည်းက မ​တွေ့ရ​တော့
သားကို​မွေးပြီး တပတ်​လောက်​အကြာ သတိရလာ​တော့ သား​လေး​ပျောက်သွားပြီ ဆိုတဲ့သတင်းကြားပြီး ​​သွေးနုသားနုမို့ သူ(မ) ရူးသွားခဲ့​သေးသည်။
​ခေါ်သွားတဲ့သူက ချစ်ရတဲ့ခင်ပွန်းဆိုတာ​ကြောင့် အဘယ်​ကြောင့်ဒီလိုလုပ်ရသလဲဆိုတာ​တော့ သူ(မ) စဥ်းစားလို့မရ

You are my...?[COMPLETED]Where stories live. Discover now