》7《

1.2K 148 3
                                    

Unicode


4years later...

"​ဒေါက် ​ဒေါက် ​​ဒေါက်..."

"ဝင်ခဲ့ပါ~~"

Kim Seokjin အလုပ်​တွေပြီး​အောင်လုပ်ပြီးသည်နှင့် ထိုင်ခုံ​ပေါ်တွင် ​​ခေါင်းမှီချ​နေစဥ် အခန်းတံခါး​ခေါက်သံကြားသည်မို့ ​ခေါင်း​ထောင်ကာ ဝင်ဖို့​ပြောလိုက်သည်။

ဝင်လာသူက သူ့ရဲ့အတွင်းရေးမှုးလဲဖြစ် ညီဝမ်းကွဲလဲဖြစ်သည့် Min Yoongiပင်

"Hyung...
မနက်တင်ပြမယ့် productအတွက် လက်မှတ်​လေးထိုးဖို့ပါ.."

Seokjin   Yoongi ယူလာသည့် fileကိုကြည့်ကာ လက်မှတ်ထိုး​ပေးလိုက်သည်။

"Hyung...​နေမ​ကောင်းဘူးလား hyungကိုကြည့်ရတာ ဒီရက်ပိုင်းအတွင်းပိန်သွားသလိုပဲ
ပြီး​တော့ ညဖက်​တွေ အိပ်လို့မ​ပျော်ဘူးလားhyung မျက်ကွင်း​တွေညို​နေသလားလို့~~"

Yoongi​ပြောမှ ​ရှေ့က ကွန်ပျူတာနဲ့ မျက်နှာအားကြည့်မိလိုက်သည်။

ဒီရက်ပိုင်း သူ့မှာစိတ်ဆင်းရဲမှုများနှင့် ​အ​တွေးလွန်ကာအိပ်မ​ပျော်​သောည​တွေ​ကြောင့် အခုလိုဖြစ်​နေတာ​တောင် သူကိုယ်တိုင်​တောင်မသိ

ည​ရောက်တိုင်းအိပ်ဖို့ကြိုးစားခဲ့​ပေမယ့် အိပ်မ​ပျော်ခဲ့တဲ့ရက်​ပေါင်းမနည်းတော့
အိပ်​ပျော်​ပြန်ရင်လဲ အိမ်မက်က အမြဲ​ခြောက်လန့်​နေလို့

ဒါ​တွေဘာ​ကြောင့်ဖြစ်​နေသလဲ?
အ​ဖြေက​တော့ ရှင်းပါတယ်

​နောက်လအနည်းငယ်​လောက်ကြာရင်ပဲ  သူလက်လွှတ်လိုက်ရ​တော့မယ့်တစ်​ယောက်​ယောက်​ကြောင့်​ပေါ့

သူကိုယ်တိုင် လက်လွှတ်​ပေးဖို့ဆုံးဖြတ်ခဲ့​ပေမယ့် တကယ်တမ်းလက်လွှတ်​ပေးရ​တော့မယ့်အချိန်​ရောက်လာ​တော့မှာကို သူတကယ်ပင်​ကြောက်​နေမိ၏။

​နောက်လဆိုရင်ပဲ kookieက 18နှစ်ပြည့်​တော့မှာ

မ​တွေးချင်ဘူး
Kookieမရှိ​တော့မယ့်သူ့ဘဝကို သူ​တွေးကြည့်လို့​တောင်မရဘူး
ဒါ​ပေမယ့်​​ပေါ့...

You are my...?[COMPLETED]Where stories live. Discover now