Unicode
"ခွပ်!!!!"
"အာ့.."
"Ho...hoseok.."
"Kim Seokjin...ငါကတော့ မင်းကိုသူငယ်ချင်းတစ်ယောက်လိုသဘောထားခဲ့တယ်
မင်းကတော့ ငါ့ကိုလိမ်တယ်..""......"
"မင်းပြောတော့ Namjoon hyungနဲ့အဆက်အသွယ်မရဘူးဆို...
ငါကိုကမှားတာ မင်းပြောတဲ့စကားကိုယုံခဲ့တဲ့ငါကိုကမှားတာ..."Hoseokက သူ့အားကြည့်ကာ သူ့ကိုယ်သူမှားကြောင်းပြောနေလေသည်။
ခုချိန်မှာ သူhoseokအားပြန်မကြည့်ခဲ့သလို တောင်းပန်စကားလဲမဆိုခဲ့"ငါ့သားဘယ်မှာလဲKim Seokjin...
ငါ့သားကို ငါတွေ့ချင်တယ်"Hoseok ဘေးက Soonheeဆိုတဲ့မိန်းမပြောတဲ့စကားကြောင့် Seokjin ဟက်ခနဲရယ်လိုက်သည်။
"ဘာ...ငါ့သား ဟုတ်လား
မလိုချင်လို့ စွန့်ပစ်ဖို့တောင်လုပ်ခဲ့တာကို အခုမှ ဘာငါ့သားလဲ Jung Soohee..."Seokjin၏စကားကြောင့် soohee မျက်နှာအနည်းငယ်ပျက်သွားသည်။
ပြီးတော့မှ"မသိဘဲနဲ့ ဘာမှလာမပြောနဲ့ Kim Seokjin...
အခုငါ့သားကို နင်ဘယ်မှာဖွက်ထားလဲ ပြော!!!"Soonhee၏ ချက်ခြင်းပြောင်းလဲလာသော စိတ်အခြေအနေကြောင့် Hoseok ရပ်နေရာမှ Sooheeထံသို့သွားပြီး
"မမ စိတ်ကိုလျှော့နော် အသက်ပြင်းပြင်းရှူ ..ထုတ်
"ဟူးးးဟင်းးး"
"ဟားးး ဟားး ဘာDramaတွေခင်းနေကြပြန်တာလဲ.?"
ရှေ့တွင်ရှိနေသော Jung မောင်နှမနှစ်ယောက်အား Seokjin ကြည့်ကာရယ်တော့သည်။
သို့ပေမယ့်သူ့စိတ်ထဲမှာတော့ ရေချိုးနေတဲ့ကလေးငယ် အောက်ကိုဆင်းမလာစေဖို့သာ ဆုတောင်းမိနေသည်။သူတို့နှစ်ယောက်အားကြည့်ကာ လှောင်ရယ်နေသော Seokjinရဲ့အနားကို Hoseokလျှောက်သွားပြီး လည်ပင်းမှအကျ••စအားဆွဲကာ
"Seokjin...ငါမင်းကို သူငယ်ချင်းသံယောဇဥ်တွေကြောင့်အလျော့ပေးနေတာကို မင်းရောင့်တက်မလာနဲ့..."
Seokjinသူ့အားအညိုးကြီးစွာကြည့်ကာပြောနေသော Hoseokကို သေချာကြည့်နေလေသည်။