》8《

1.2K 134 2
                                    

Unicode

9လပိုင်း1ရက်​နေ့

မနက်ခင်း​နေ​ရောင်ခြည်ပြပြ​အောက်တွင် ခြံထဲက ပန်းခင်းကြီးအား ပြုံး၍ကြည့်​နေပါ​သော Kim Seokjin
မြိန်ပြပြ မျက်ဝန်းထဲတွင်​တော့ အရာင်လဲ့​လဲ့​အရည်ကြည်လေးများ ရှိ၍နေ​လေသည်။

"Hyung...
သွား​တော့မလား?"

Yoongi ​ခေါ်​သံကြားသည်နှင့် ​တွေးလက်စ အ​တွေးများအားဖြတ်ကာ အပြုံးတစ်ခုဖြင့် Yoongiအားလှည့်ကြည့်လိုက်သည်။

ခုတ​လော သူ စိတ်နဲ့ကိုယ်နဲ့မကပ်ဖြစ်​နေသည်မို့ ဟိုရက်ကပင် accident တခု ဖြစ်သွားခဲ့​သေးသည်။အရင်ကတည်းက Driverမထားသည့်သူ့အတွက် ခုရက်​တွေမှာအခက်အခဲအရမ်းဖြစ်​စေသည်။ဒါ့ကြောင့် Yoongi အား ခုရက်ပိုင်း ကား​မောင်း​ပေးရန်​တောင်းဆိုထားတာဖြစ်သည်။

ခုက​တော့ မကြာခင်မှာလက်လွှတ်ရ​တော့မယ့် လူတစ်​ယောက်ရဲ့​မွေး​နေ့အတွက် လိုအပ်သည်များကိုသွား၍ဝယ်ရန် Yoongi အား​ခေါ်ထားခြင်း။

လက်မလွှတ်ခင်အချိန်​လေး​တော့ အတူတူ​ပျော်ရွှင်ချင်​သေးသည်​​လေ~~~။
အ​နှောင်အဖွဲ့​တွေကြားမှာ မင်းကိုမထားချင်​တော့ဘူး Jungkookရယ်...

"အင်း သွားကြမယ်.."

ပန်းခင်းကြီးအား ​ကျောခိုင်းကာ လှည့်ထွက်သွား​သော ​​​ခြေလှမ်းများသည် အလွန်​လေးလံ​နေ​ခဲ့ပါသည်။

တ​ရွေ့​ရွေ့သွား​နေ​သောကားကြီးထဲတွင် အပြင်က​ကောင်းကင်ကြီးကို​ငေးကာကြည့်နေ​သော Kim Seokjinတစ်​ယောက် ယခုသူလုပ်နေသည့်အရာ​တွေအား မှန်ကန်ပါ့မလားဆိုတာ ​နေမင်းကြီးကို​မေး​နေမိသည်။

အချိန်အနည်းငယ်အကြာ​မောင်းနှင်လာပြီး​နောက် ကား​လေးသည် "Awake" Store ​ရှေ့တွင် ရပ်တန့်သွားခဲ့သည်။
.....

​မွေး​နေ့အတွက်လိုအပ်သည်များကို ဝယ်ပြီးသည်နှင့် အိမ်သို့ပြန်ပြီး အစစပြင်ဆင်ရ​တော့သည်။

ည​နေ​လောက်​ရောက်​တော့မှ အကုန်ပြင်ဆင်လို့ပြီးသွားသည်မို့ Seokjin နဲ့ Yoongiတို့​မောပန်းကျသွားကြသည်။
Yoongi လဲ ခဏနားကာ ပြန်သွား​လေသည်။

You are my...?[COMPLETED]Where stories live. Discover now