》11《

1.5K 165 39
                                    

Unicode

2years laters~~~

​လေယာဥ်​ပေါ်က ဆင်းပြီဆိုတာနဲ့ လတ်ဆတ်​​သော ​လေ​ပြေ​လေး​တွေက သူ့ထံချက်ခြင်းတိုး​ဝေ့လာသည်။ထို​လေ​နု​လေး​တွေက အမိ​မြေဟု​သော ခံစားချက်ကို သူ့အား​ပေးစွမ်းနိုင်​လေသည်။အမိ​မြေ ကိုပြန်လည်​​ခြေချလိုက်ပြီဆိုတာနဲ့ ​နွေး​ထွေးလုံခြုံမှုကို ရရှိခဲ့ရ၏။

၂နှစ်...

၂နှစ်ဆို​သော အချိန်အပိုင်းအခြားတစ်ခုက သူ့နှလုံးသားကို ပိတ်ပင်နိုင်စွမ်းဘယ်ရှိပါ့မလဲ
အလွမ်း​တွေ အလွမ်း​တွေ...
မ​တွေ့ရတဲ့ရက်​တွေမှာ အရမ်းကိုတမ်းတရပါ​သော သူ့ရဲ့တစ်ဦးတည်း​သောချစ်ရသူ...
အမိ​မြေ​ပေါ်ပြန်​ရောက်ပြီဆိုတာနဲ့ အရင်ဆုံးဝင်လာမိတဲ့ခံစားချက်က ချစ်ရသူနဲ့ တ​မြေထဲရှိ​နေတယ်ဆိုတဲ့ ခံစားချက်​လေး...

"ကျွန်​တော်ပြန်လာပြီ... ဦးဦးJin
အခုကစပြီး ကျွန်​တော်က ဦးဦးJin​ကို ရ​အောင်လိုက်​တော့မှာမို့
ဦးဦးJin​ပြေးနိုင်သ​လောက်​ပြေး​ထားပေါ့ အဟက်..."

.........

"​ဟာ ​​​ Tae​မျောက်...​စောလှချည်လားဟ "

**ON** ကလပ် ၏ VIP အခန်းထဲတွင် ထိုင်​နေ​သော Taehyung အား အခန်းထဲသို့ဝင်လာ​သောJiminမှ​ပြောလိုက်ခြင်းဖြစ်သည်။

"ချီးပဲ.. ဂျပု
ငါ​​စောတာမဟုတ်ဘူးကွ အချိန်လဲမင်းပြန်ကြည့်အုံး​လေ"

Taehyung ​ပြောမှ လက်ကနာရီအားအကြည့်​ရောက်မိသည်။

ဟုတ်သားဟ...
ငါ​နောက်ကျသွားတာပဲ

"ဒါနဲ့​နေပါအုံး မင်းတစ်​ယောက်ထဲ​ရောက်​နေတာလား?"

"ဒီမှာငါတစ်​ယောက်ထဲမရှိလို့ မင်း​မေဘိုး​အေ ကြီး​ရောမြင်လို့လား.."

ဒီ​ကောင်ဘာဖြစ်​နေတာလဲဟ
စကား​ပြောတာ ဘု​ဘောက်နဲ့😏😏

"မင်းက ဘာဖြစ်​နေတာလဲ အဲ့ဒါ
လဒရုပ်နဲ့?"

"မင်းသူငယ်ချင်း ဟိုနိုင်ငံခြားပြန်​လေ
မနက်ကပြန်​ရောက်တာ အိမ်မှာဘာလုပ်စရာရှိလို့လဲ
အခုက သူပြန်လာလို့ ပွဲလုပ်ပါတယ်ဆိုမှ...
အချိန်ကိုလဲကြည့်အုံး သန်း​ခေါင်​ကျော်​တော့မယ်.."

You are my...?[COMPLETED]Where stories live. Discover now