You are my...?(Extra-1)

1.1K 117 5
                                    

Unicode

၃နှစ်ကြာပြီး​နောက်~~~

​နေ​ရောင်​ကြောင့် ​တလက်လက်​တောက်ပ​နေ​သော ​ရွှေ​ရောင်ဆိုင်းဘုတ်ကြီးက ဆိုလ်းမြို့ရဲ့တစ်​နေရာ အ​ဆောက်အအုံအမြင့်ကြီးတစ်ခု၏အလယ်တွင် တင့်တယ်စွာ တည်ရှိ​နေ​လေသည်။

"MOON&JEON" Fashion & Design Company

မှန်ပါသည်။
ထို  "MOON&JEON" Fashion & DesignCompany ကြီးဟာ တစ်ချိန်က နာမည်ကြီး Fashion Design  Companyကြီး​တွေဖြစ်တဲ့ "MOON" နဲ့ "JEON" ၏ ပူး​ပေါင်း၍ ထပ်မံတည်​ထောင်လိုက်​သော Company တစ်ခု ဖြစ်သည်။

ပြည်တွင်းသာမက ပြည်ပမှာပါ ​အောင်မြင်​ကျော်ကြား​သော ဒီ fashion companyကြီးနှစ်ခုပူး​​ပေါင်းမှုသည် တစ်ကမ္ဘာလုံးကို တုန်လှုပ်​စေခဲ့သည်။

ယခင် Company ​​တွေကို​တော့ Shopping Mallတွေအဖြစ်​ပြောင်းလဲလိုက်ပြီး "Moon Shopping Mall" ကို Min Yoongiက ဦးစီးကာ
"Jeon Shopping Mall"ကို​တော့ Jung Hoseok မှ ဦးစီးလုပ်ကိုင်​နေကြသည်။

"MOON&JEON"ကို​​တော့ Kim Seokjinနှင့် Jeon Jungkookတို့မှ ဦးစီးလုပ်ကိုင်ကြသည်။

.........

For Kookjin...,

"​ဒေါက်...​ဒေါက်..."

အသစ်ထုတ်မယ့် Fashionအတွက် Designတွေကို စိစစ်​နေတုန်း တံခါး​ခေါက်သံကြား​တော့ ကွန်ပျူတာကိုကြည့်​နေသည့်သူ့ရဲ့မျက်လုံးများကို တံခါးသို့အကြည့်ပို့လိုက်သည်။

ကြည့်​နေတုန်း တံခါးကပွင့်လာပြီး ဝင်လာ​တဲ့သူ​တွေကိုကြည့်လိုက်​တော့
သူ့ရဲ့ အသဲအသက်က​လေးနှစ်​ယောက်~~~

"ဟား  ဟား ခွီ!!!"

ကြည့်​နေရင်းနှင့် သူရယ်လိုက်သည်။
အဘယ်​ကြောင့်ဆို​သော် သူ့မျက်စိ​ရှေ့က အပြာ​ရောင်Pajamaဝမ်းဆက်နဲ့သူချစ်ရတဲ့သူ့အသဲ​လေးက ​နောက်ထပ် အနီ​ရောင်Pajamaဝမ်းဆက်ဝတ်ထား​သော ကြက်​တောင်စီး​လေးနဲ့ ၂နှစ်အရွယ် သူတို့ရဲ့ အသက်​လေးကို ချီကာ ဝင်လာတာ​ကြောင့်ဖြစ်သည်။

You are my...?[COMPLETED]Where stories live. Discover now