Unicode
"Joon~~~
ငါလေ မင်းအပေါ်မတရားသလိုခံစားနေရပြီ
မင်းငါ့ကို ချစ်နေခဲ့တာတောင်မသိခဲ့တဲ့ငါက မင်းကို မုန်းပစ်ဖို့အထိတွေးခဲ့သေးတာ
အဲ့အတွက် ငါတောင်းပန်ပါတယ်နော်~~~
ငါကမင်းကို ချစ်တယ်သာပြောတာ မင်းမရှိတော့တာတောင် အခြားတစ်ယောက်ကို ဆက်ချစ်မိနေမိတာ
အဲ့ဒီ့အတွက်လဲ ငါမင်းကိုတောင်းပန်ပါတယ်...
ငါချစ်နေတဲ့သူကလဲ မင်းရဲ့သား kookieတဲ့လေ
ဒီအတွက်တော့ တောင်းပန်စကားတောင် မပြောနိုင်တော့ပါဘူးJoonရယ်...နောက်ပြီး Kookieလေးကိုမင်းနေရာမှာအစားထိုးခဲ့တာမဟုတ်ပါဘူး
မင်းရဲ့သားမို့ဆိုပြီးတော့လဲ ငါချစ်ခဲ့တာမဟုတ်ပါဘူးကွာ
Kookieကိုတော့ ငါဒီအတိုင်း ချစ်မိသွားတာပါ...ဒါပေမယ့် မင်းစိတ်ချပါ
Kookieကလေ ငါသူ့ကိုချစ်နေတာကို သူမသိပါဘူး
ငါကိုယ်တိုင်လဲ ဖွင့်ပြောဖို့မကြိုးစားပါဘူး
ဘာလို့ဆို မင်းသားက ငါ့ကို ဦးတစ်ယောက်လိုပဲချစ်တာလေ(A/N:လျှောက်ထင်နေ)မင်းကိုတော့ တကယ်အားနာမိနေပြီ Joonရယ်...
မင်းက ငါ့အတွက် အကောင်းဆုံးသူငယ်ချင်းဖြစ်ပေးနော်အခုချိန်မင်းအသက်ရှိနေသေးရင်တောင် မင်းကို ငါချစ်မှာမဟုတ်လောက်ဘူးထင်တယ်
ဘာလို့ဆို Kookieက, ကဝေလေးလိုပဲ
ငါ့နှလုံးသားကိုဖမ်းစားထားလို့လေ..."Kim Seokjinတစ်ယောက် ဟန်မြစ်ကြီးကိုကြည့်ကာ စကားတွေအများကြီးပြောနေသည်။
"ကောင်းကင်မှာမိုးတွေအုံ့လာပြီ
မကြာခင် မိုးရွာတော့မယ်ထင်တယ်
ငါပြန်တော့မယ်နော်..Joon~~နောက်မှလာတွေ့ပါ့မယ် "
ဟန်မြစ်ရှေ့က လှည့်ပြန်သွားသည့်Seokjinကို အဝေးက Jungkookတစ်ယောက် သေချာကြည့်မိနေသည်။
အချိန်အကြာကြီး ငိုကြွေးပြီးစကားတွေအများကြီးပြောနေခဲ့တဲ့ seokjinကိုကြည့်ပြီး
jungkookမျက်ရည်တွေကြားထဲကနေပြုံးလိုက်သည်။