Unicode
Kim Seokjin သည်ပြတင်းပေါက်တွင်ရပ်ကာ အပြင်က မနက်ခင်းပတ်ဝန်းကျင်အလှတရားများအားငေးကြည့်နေလေသည်။
ကုမ္ပဏီသွားခါနီးမို့ Suitအပြည့်ဝတ်ထားပြီး လက်တစ်ဖက်က ကော်ဖီခွက်အားကိုင်ထားကာ ကျန်လက်တစ်ဖက်အား ဘောင်းဘီထဲသို့ထိုးထည့်ထားသည်။နွေဦးရာသီရောက်ပြီမို့ ပတ်ဝန်းကျင်က တစ်မူထူး၍လှနေပြန်၏။
ဘာလိုလိုနဲ့ နွေဦးရာသီကိုတောင်ပြန်ရောက်လာပြန်ပြီ။
အခုဆိုသူလဲအသက်၃၀ရှိနေပြီပေါ့
တိတ်တဆိတ် ပြောင်းလဲနေတဲ့သူ့ရဲ့နှလုံးခုန်သံတွေကလွဲရင်~~~
အရာရာတိုင်းက ပုံမှန်အတိုင်းမပြောင်းလဲပါဘူးနေ့တိုင်းကို kookieနဲ့ပဲဖြတ်သန်းနေရသည်မို့ သူ့အတွက်ငြီးငွေ့ခြင်းအလျှင်းမရှိ
"Joonရေ...
ငါ့အတွက်မင်းသားလေးကိုချန်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်..."ဒါဟာ သူနေ့တိုင်းကောင်းကင်ကြီးကိုမော့ကာပြောသောစကားတစ်ခွန်း
"သေသောသူကြာရင်မေ့ ပျောက်သွားသူရှာရင်တွေ့" တဲ့
သူကတော့ joonကို မေ့မရခဲ့ပါဘူး
ချစ်ရသူအဖြစ်မေ့မရတာမဟုတ်ဘဲ kookieကို ပေးထားခဲ့တဲ့ kookieကို သူ့ဘဝထဲခေါ်ဆောင်လာပေးတဲ့ ကျေးဇူးရှင်တစ်ယောက်အနေနဲ့ မေ့မရခဲ့တာပါ...Joonအပေါ်မှာရှိတဲ့ သူ့ရဲ့ခံစားချက်တွေကတော့~~~
"ဦးဦးJin..."
ပြတင်းပေါက်ကိုငေးနေပြီး အတွေးတွေပျံ့လွင့်နေရင်းမှ kookieရဲ့ ခေါ်သံကြောင့် အနောက်အားပြန်၍လှည့်ကြည့်လိုက်တော့
ကျောင်းဝတ်စုံအပြည့်နဲ့ချစ်ဖို့အလွန်ကောင်းနေပါသော အလယ်တန်းကျောင်းသား kookieလေးအား တွေ့လိုက်သည်။
သူ့ကိုကြည့်ရင်း ပြုံးကာ ရယ်နေသောkookieလေးမှာ ပါးနှစ်ဖက်က ပါးချိုင့်မမည်သော ပါးချိုင်းရေးရေးလေးတွေရယ် ရယ်လိုက်ရင်ပေါ်လာသောယုန်သွားလေးနှစ်ချောင်းရယ်ကလဲ ချစ်စရာကောင်းအောင်တည်ရှိနေသေးသည်။