》12《

1.4K 156 44
                                    

Unicode

ဒီ​နေ့ JEON Company နဲ့ စာချုပ်ချုပ်ရမှာမို့ အကိုဖြစ်သူအား ဝင်​​ခေါ်ရန် Yoongiထွက်လာခဲ့သည်။
အရင်အပတ်က Jeon CEO အသစ်က ထုတ်ကုန်အသစ်အတွက် ပူး​ပေါင်း​ချင်သည်ဟု ကမ်းလှမ်းထားသည်ကို Hyung က လက်ခံလိုက်သည်​​လေ။
အခု စာချုပ်ကို Jeon company မှာ သွား၍ချုပ်ဆိုရမည်မို့ သူ့ရဲ့ Hyung ဖြစ်သူအား ​ခေါ်ရန် ​သွားနေခြင်း။

သူ Huyngရဲ့ အိမ်​ရှေ့ကို​ရောက်​တော့ ကားဟွန်း​ကိုတီးလိုက်​ပေမယ့် ခြံတံခါးက ပွင့်မသွား​
ပေ။ထို့​ကြောင့် Hyungအား ဖုန်း​ခေါ်လိုက်ရသည်။(N/ခြံတံခါးက Auto ခလုတ်နဲ့ပါ​နော်)

"တူ....တူ..."

"Hyung...ကျွန်​တော်​ရောက်​နေပြီ တံခါးဖွင့်​ပေးပါအုံး."

Yoongiသည် ဖုန်းကိင်လိုက်​ပေမယ့် ပြန်​ဖြေသံမကြားရ​သော ဖုန်းအား ကိုင်ထားရင်း သိပ်မကြာ ခြံတံခါးက ပွင့်သွား​လေသည်။

ပွင့်သွား​သောခြံကို အနည်းငယ်ဟလိုက်ပြီး ဝင်လိုက်သည်။

အိမ်ထဲသို့​ရောက်​တော့Hyung ရဲ့ အရိပ်အ​ယောင်​တောင် မမြင်ရ။
သူအခုမှ သတိထားမိသည်။ခုဏက ဖုန်းဆက်​တော့လဲ Hyung က ပြန်မ​ဖြေခဲ့ဘူးမလား
Hyung  တစ်ခုခုများ ဖြစ်​နေတာလား?

စိုးရိမ်စိတ်နှင့် မီးဖို​ချောင်​ရော ဧည့်ခန်းကိုပါ သူလိုက်ရှာလိုက်၏။
သို့​ပေမဲ့လဲ Hyung ကိုမ​တွေ့။

​နောက်ဆုံး အ​ပေါ်က Hyung အခန်းထဲသို့ သွားကြည့်ရန် ဆုံးဖြတ်ချက်ချကာ အ​ပေါ်သို့တက်သွားလိုက်သည်။

"​ဒေါက် ​ဒေါက်..."

တံခါး​ခေါက်​ပေမယ့် ပြန်ထူးသံမကြားသည်မို့ တံခါးကို ဆွဲဖွင့်ကြည့်လိုက်​တော့...

"Hyung..."

ဟင်. Hyung လဲမရှိပါလား

Yoongiသည် သူမြင်လိုက်ရ​သော အခန်းဗလာကြီးအားကြည့်ကာ အံ့သြသွားပါ၏။

ဒါက Hyung အခန်းမဟုတ်ဘူးလား?
ငါပဲ..အခန်းမှားလာတာလား?

ထို့​နောက် ​သူသည် ​ဘေးရှိ အခန်းများအား လိုက်၍ဖွင့်ကြည့်လိုက်သည်။
Hyung အိမ်မှာရှိတာ အခန်း​ပေါင်း ​လေးခန်းပဲရှိတာပါ
အခုသူလိုက်ကြည့်တာ တစ်ခန်းသာ ပစ္စည်း​တွေထည့်တဲ့ စတိုခန်းဖြစ်ပြီး ကျန်တဲ့နှစ်ခန်းက ဗလာ​တွေချည်းပဲ~~

You are my...?[COMPLETED]Where stories live. Discover now