Unicode
....Jung မိသားစု ညနေခင်းထမင်းဝိုင်းတွင်~~~
Jung Soonheeသည် သူ(မ)ရှေ့တွင်ရှိနေသော မောင်ဖြစ်သူအားကြည့်နေရင်း စိတ်မချမ်းမြေ့ဖြစ်နေရသည်။
ဒီရက်ပိုင်းတွေမှာ သူ့မောင်လေးရဲ့မျက်နှာက သိသိသာသာပြောင်းလဲနေတာ သူသတိထားမိပါသည်။
ဒီလို ပြောင်းလဲနေတာ ဘာကြောင့်လဲတော့သိပေမယ့် သူမမေးခဲ့ပါ။
Hobiသူ့ဘာသာ ဖွင့်ပြောမယ့်အချိန်ကိုသာ စောင့်နေခဲ့သည်။
အမှန်ဆို အရင်ကလို ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ သူ့မောင်လေးကိုပဲ သူမြင်ချင်ပါ၏။ဘေးက သားဖြစ်သူကိုကြည့်တော့ တိတ်တဆိတ်သာ ထမင်းစားနေသည်မို့ ဇွန်းကိုချကာ Hobiအားခ္်လေိုက်သည်။
"Hobi..."
"............"
သူခေါ်တော့ Hobiက သူ့ခေါ်သံကိုမကြားသည့်ပုံပဲ..
ထမင်းဖြူကိုသာကြည့်ပြီး ခက်ရင်းနဲ့ထိုးဆွနေလေသည်။
ဒါကြောင့် နောက်တစ်ခေါက် အသံမြင့်မြင့်ဖြင့် ထပ်ခေါ်လိုက်သည်။"Hobi..!!!"
"အင်...မမ ဘာပြောတာလဲ?"
ထိုအခါမှ Hobiက အလန့်တကြားမေးလာ၏။
"နင် ဘာဖြစ်နေတာလဲမောင်လေး...
ငါနင့်ကိုကြည့်နေတာကြာပြီ..
ဒီရက်ပိုင်း မျက်နှာကလဲမကောင်းဘူး
အခုလဲကြည့် ထမင်းမစားပဲ ခက်ရင်းနဲ့ဆွနေတယ်
ဘာဖြစ်နေတာလဲငါ့ကိုပြောစမ်း...
ဘာလဲ ကောင်မလေးရှိနေတာလား?အသဲကွဲနေတာလား?ဟင်.."ဟုတ်တယ်...သူဒီလိုမေးမှ သူမောင်က ဖြေမယ်ထင်ပါတယ်လေ~~
Hoseok သည်လဲ အမဖြစ်သူအားကြည့်နေရင်း စိတ်ထဲ စိုးရိမ်မှုတွေ မြင့်တက်လာတော့သည်။
မမရဲ့မေးခွန်းက သူ့နှလုံးသားကို မီးစနဲ့တို့နေသလို ခံစားရပါ၏။
သူမသေခင်မှာ တူ/တူမတွေနဲ့ အချိန်ကုန်ချင်သေးတယ်ဆိုတဲ့မမရဲ့ဆန္ဒကို သူဖြည့်ပေးချင်ပေမယ့် သူ့နှလုံးသားကမှ လက်မခံနိုင်ပဲ...ဒီရက်တွေမှာ Taeလေးကလဲ သူ့ကိုမမှတ်မိသေး..
အစကတော့ မေ့လေကောင်းလေဟုဆုံးဖြတ်ထားပေမယ့် တကယ်လက်တွေ့မှာတော့ Taeလေးနဲ့ နီးရက်နဲ့ဝေးနေရတဲ့ခံစားချက်က အရမ်းကိုဆိုးဝါးလွန်းတာမို့ သူ့ကို အမြန်ဆုံးပြန်မှတ်မိလာဖို့ ဆုတောင်းနေရသည်။နွ့တိုင်း ခိုးခိုးပြီး သွားတွေ့နေရတာကြီးကို သူမလ်ုချင်တော့ဘူး...။
တဆက်ထဲမှာပဲ မမရဲ့စကားကိုပြန်သတိရမိတော့ သူ့ရင်တွေကွဲလုမတတ်နာကျင်ရပါသည်။