Unicode
"ဘုတ်!!"
"အာ့!"
အရှိန်နဲ့ဝင်တိုက်မိသည်မို့ Taehyungငယ်လေး နောက်သို့ဖင်ထိုင်ရက် ပြုတ်ကျသွားသည်။
နောက်မှလိုက်လာသော Jiminလေးကလဲ ကြောင်၍ရပ်နေမိ၏။အရှေ့က လူကလဲ ရုတ်တရက်မို့ ဆွဲမထားမိ။
ခဏလောက်နေမှ Taehyung ငယ်အား ထိုလူက ဆွဲထူလိုက်သည်။"ကလေး ဘယ်နားနာသွားသေးလဲ?"
Taehyung ငယ်သည် နောက်ကဖုန်တွေအားခါပြီး
"မနာပါဘူး ရပါတယ်.."
Taehyungကမနာဘူးသာပြောတာ နောက်က jiminလေးမှာတော့ မျက်နှာအနည်းငယ်မဲ့နေပြီ။
ခဏကြာတော့ သူတို့ဆီကို Jungkookကရောက်လာသည်။
ထိုအခါမှ..."အီးး ဟီးး Jungkook ah..ငါ့ဖင်နာသွားပြီ ဗြဲ....."
Hoseokသည် Jungkookဟုသော အသံကြောင့် ကြည့်မိလိုက်တော့ သူ့ကိုမြင်လို့ မျက်လုံးအစုံတို့ ကျုံ့သွားသော သူရှာဖွေနေသောသူကိုတွေ့လိုက်ရသည်။(အဟမ်း တိုက်မိတဲ့သူက Hoseok မှန်းသိသာသွားလား😊)
"Kookie..."
Hoseok၏ပါးစပ်က kookieဟုသောအခေါ်အဝေါ်ကြောင့် Taehyungနဲ့ jimin ထိုလူ့အစားကြက်သီးများထသွားကြသည်။(ထိုလူဆိုတာ Taeလေးနဲ့ Jiလေးက hoseokကို မသိလို့ပါနော်)
Jungkookကသူ့ကိုအဲ့လိုခေါ်တာမှမကြိုက်ဘဲ။
သူတို့ခေါ်မိတုန်းက တပတ်လောက် သူတို့ကို မခေါ်တော့တာ။
နောက်မှမနည်းပြန်ချော့လိုက်ရတာ။Jungkookလေးသည် သူ့အား kookieဟုခေါ်လိုက်သော Hoseokကို သေချာကြည့်ပြီး
"ကျွန်တော့ကို kookieလို့မခေါ်ပါနဲ့
ဦးJinကပဲ အဲ့လိုခေါ်ခွင့်ရှိတာ..."Jungkook၏ အပြောကြောင့် Hoseok အတိတ်က စကားတစ်ခုအား ပြန်တွေးမိသွားသည်။
**"Joon...
ငါ့ကိုအဲ့လိုမခေါ်နဲ့!!!Soohee
ငါချစ်ရတဲ့သူကပဲ ငါ့ကိုအဲ့လိုခေါ်ခွင့်ရှိတာ!!!"**Hoseokရယ်မိလိုက်သည်။
တကယ်ကို ဖအေတူသားလေးပဲ ဟက်.."ဟုတ်ပါပြီ Jungkookလေး
ရပြီလား..."