》14《

1.4K 149 17
                                    

Unicode

အညို​ရောင် Suitအပြည့်နှင့် မှန်​ရှေ့တွင်ရပ်ကာ မှန်တွင်​ပေါ်​နေ​သော ကိုယ့်ကိုကိုယ်ပြုံးပြ​နေပါ​သော Kim Seokjin

သိပ်မကြာခင်မှာထုတ်ကုန်အသစ်အတွက် ပူး​​ပေါင်းထား​သော JEON company ရဲ့ CEO Jeonနဲ့​တွေ့ရမှာမှာမို့ ပြင်ဆင်​နေခြင်း။

​ဒီ​နေ့​တော့ Yoongiကို ကုမ္ပဏီမှာသာ​စောင့်​စေပြီး သူက​တော့ "Begin"စား​သောက်ဆိုင်ကို ထွက်လာရသည်။

Jeon CEOက တနည်း သူ့ရဲ့ Kookieက​ပေါ့
ထုတ်ကုန်အ​ကြောင်း​ဆွေး​နွေးမှာကို​တောင် မအားလို့ သူ့စား​သောက်ဆိုင်မှာ​ပြောမည်ဆိုတာ​ကြောင့် "Begin"ကို သွားရခြင်းဖြစ်သည်။

Begin စား​သောက်ဆိုင်ကလဲ Jeon ​လက်​အောက်က တစ်ခုဖြစ်ပြီး လတ်တ​​လော​နာမည်ကြီး​ ​ရေပန်းစားနေ​သော စား​သောက်ဆိုင်တစ်ခု...

သူလဲ အလုပ်မအားတာနဲ့မ​ရောက်ဖြစ်တာ
အခု​တော့ ​ရောက်ဖူးချင်တာနဲ့ အ​တော်ဖြစ်သွားသည်ဟုဆိုရမည်ပင်။

သူ မ​ရောက်ဖူး​ပေမယ့် ​ရောက်ဖူးတဲ့သူ​တွေ​ပြောပုံအရဆို ​တော်​တော်​လေးလှပပြီး ဝန်​ဆောင်မှု​ကောင်းတဲ့ဆိုင်လို့​တော့ သူထင်သည်။
ပြီး​တော့ ​ပြောကြတာ​တော့ ထိုဆိုင်ထဲကို ဖုန်းများယူ​ဆောင်ခွင့်မပြုဘူးတဲ့​လေ။
ဒါကြောင့် သူလဲအခုဖုန်းထားခဲ့ရသည်။

ကြီးကျယ်တယ်လို့ထင်​ပေမယ့် ဒါကလဲ ဆိုင်၏ ဆွဲ​ဆောင်မှုတစ်ခုဖြစ်မည်ထင်သည်။

.........

At Begin...

ဆိုင်​ရှေ့ကို​ရောက်​တော့ ရိုးရှင်းလှ​သော ဆိုင်အပြင်အဆင်ကိုကြည့်ပြီး သူပြုံးမိပါ၏။

ဆိုင်​လေးက ခပ်ပုပု​လေးရယ်နှင့် ရိုးရိုးစား​သောက်ဆိုင်​လောက်သာဖြစ်သည်။
ရိုးရှင်းမှုကို ကြိုက်နှစ်သက်သူများအတွက် တကယ်ကို ​ကောင်းမွန်တဲ့ စား​သောက်ဆိုင်ဖြစ်မည်ဟု သူမှတ်ချက်​ပေးပါသည်။

ဒါ​တောင် ဆိုင်အပြင်ဘက်ပဲရှိ​သေးသည်မို့။

Seokjin ကား​ပေါ်က ဆင်းပြီး စာရွက်စာတမ်း​တွေထည့်ထား​သော အိတ်ကိုဆွဲကာ ဆိုင်ထဲသို့ ဝင်လာခဲ့သည်။

You are my...?[COMPLETED]Where stories live. Discover now