Chapter (2)

1.4K 214 13
                                    

သို့ပေမယ့် ရက်လအနည်းငယ် ကုန်လွန်သွားချိန်မှာ သူကိုယ်တိုင် ခန့်အပ်ခဲ့တဲ့ အရာရှိလေးကို အရှင်မင်းမြတ် မေ့လျော့သွားခဲ့ပြီထင်ပါရဲ့....

ချန်ဇီမင်းတို့တပ်ဖွဲ့က ဆယ်နှစ်ရက်တစ်ကြိမ် နန်းတော်ထဲမှာ ခြောက်ရက်ကြာ တာဝန်ထမ်းဆောင်ကြရတယ်။အရှင့်နန်းဆောင်နဲ့ဝေးရာဂိတ်တံခါးဝကို စောင့်ကြပ်ရသူအဖို့တော့ အရှင့်ကိုဖူးမျှော်ခွင့် မရှိသလောက်ရှားပါးခဲ့ရပြန်တယ်။

အိမ်မပြန်ဖြစ်တော့တဲ့အတွက် နားရက်တွေမှာလဲ တပ်ထဲမှာနေ ဖြစ်ခဲ့တယ်။

ထိုနေ့က.....

တပ်သားတစ်ယောက် သတင်းလာပို့ခဲ့တယ်....ချန်ဇီမင်းရဲ့ ငယ်သားတွေ နန်းတော်ရှေ့က အစောင့်တွေနဲ့ ရန်ဖြစ်ကြတဲ့အတွက် အဖမ်းခံထားရတယ်တဲ့.....

အစကတော့ ကျောထောက်နောက်ခံမရှိတဲ့ ချန်ဇီမင်းကို အကူညီတောင်းဖို့ တွန့်ဆုတ်နေကြသေးတယ်။သို့ပေမယ့် စိတ်သဘောထားနူးညံ့တဲ့ ချန်ဇီမင်းကလွဲရင် အခုလိုနန်းစောင့်တပ်သားတွေကညလူရှေ့သူရှေ့ရန်ဖြစ်တဲ့ အမှုကို ဘယ်သူရှင်းပေးမှာလဲ???

အခင်းဖြစ်ပွားရာ အရပ်ကို ရောက်ချိန်မှာ စားသောက်ဆိုင် ဒုတိယထပ်ရဲ့ပြတင်းပေါက်နားမှာ ရပ်နေတဲ့ ရာရှိနဲ့တူတဲ့တစ်ယောက်ကို လှမ်းမြင်လိုက်ရတယ်။

အော်ဟစ်ရယ်မောသံတွေ ဆိုင်အတွင်းထဲကနေ ပျံလွှင့်လာတယ်။အတူလိုက်လာတဲ့ တပ်သားက.....

"သူတို့ပဲ....ကျွန်တော်တို့ကို သက်သက်ပြသာနာရှာသွားကြတာ..."

ချန်ဇီမင်းမော့ကြည့်လိုက်တော့ ထိုတပ်သားက သူ့ကိုပြုံးပြနေတဲ့အပြင် ခွက်တောင် မြှောက်ပြလိုက်သေးတယ်....

ထိုသူက ငယ်ရွယ်ပုံရတယ်....ရုပ်ရည်သိပ်မချောပေမယ့် မျက်ဝန်းတွေကတော့ တည်ငြိမ်အေးစက်နေတယ်။

ဆိုင်ထဲမှာတော့ စားပွဲခုံတွေ၊ထိုင်ခုံတွေအပြင် လှေကားလက်ရန်းပါ ကျိုးပဲ့ပျက်စီးနေပြီဖြစ်တယ်...စားသုံးသူတွေကတော့ ပြေးနှင့်ကုန်ကြပြီ...ဆိုင်ရှင်ကတော့ ကောင်တာစားပွဲနောက်မှာပုန်းအောင်းနေတယ်....

General OrderWhere stories live. Discover now