Chapter (18)

931 166 7
                                    

ချမ်ဇီမင်းတစ်ယောက် လန့်ဖြန့်သွားပြီး မြို့တော် ဂိတ်တံခါးဝဆီ မျှော်ကြည့်လိုက်မိတယ်.......

လူအုပ်ကြီးက ပင်လယ်လှိုင်းလုံးတမျှဖွေးဖွေးလှုပ်နေလေရဲ့.....

ပုလုကုန်းလို နယ်​မြေသေးသေးလေးကို အောင်နိူင်ခဲ့ရုံမျှနဲ့ အဘယ့်ကြောင့် ဤမျှ ချီးမြှောက်နေကြတာလဲ ချန်ဇီမင်း နားမလည်နိုင်တော့ပါ...တစ်ယောက်ယောက်ကတော့ သူ့ကို လာရှင်းပြဖို့လိုနေပါပြီ.....

များမကြာမှီမှာ မိန်းမစိုးတစ်ယောက်နဲ့ ဆုံးတွေ့လိုက်ရတယ်...တပ်သားတွေကို အသင့်အနေအထားတိုင်းစောင့်နေခိုင်းဖို့ တပ်ကြပ်တွေကို အဆောတလျင်အမိန့်ပေးလိုက်တယ်...

လူအုပ်ကြီးရဲ့ဘေးမှာ ရပ်နေသူတစ်ယောက်ကို မြင်လိုက်တော့ ချန်ဇီမင်း ပြောမတတ်အောင် ထိတ်လန့်သွားတယ်....

ချက်ချင်းမြင်းပေါ်ကနေ ခုန်ဆင်းလိုက်ပြီး ဒူးထောက်လိုက်ကာ.....

"ဒီငမိုက်သားက အရှင့်ရဲ့ လမ်းခရီးကို နှောက်ယှက်မိပါတယ်...."

အရှင်က သူ့ကို ငုံ့ကြည့်နေပေမယ့် အကြောင်းအရင်းတစ်ချို့ကြောင့် ဘာတစ်ခွန်းမှ မမိန့်ကြားဘဲ နှုတ်ဆိတ်တော်မူနေတယ်.........ထိုအခိုက်အတန့်မှာ အရှင့်မျက်နှာတော်က အမူအရာမဲ့နေပြီး လူတစ်သောင်းကို ဉီးဆောင်ခဲ့တဲ့ လူငယ်လေးရဲ့အတွေးတွေကို လဲ မမြင်နိုင်ခဲ့ပေ.....

လူအုပ်ကြီးကလဲ အရှင့်ရဲ့ နှုတ်ဆိတ်နေမှုကြောင့် ပင်ကိုယ်အသိစိတ်အရ ငြိမ်နေလိုက်ကြတယ်....ထူးဆန်းလှတဲ့ အခြေနေကြောင့် ချန်ဇီမင်းတစ်ယောက် ဇဝေဇဝါနဲ့ ခေါင်းမော့ကြည့်လိုက်မိတယ်....မသင့်တော်မှန်းသတိပြုမိလိုက်တာကြောင့် ချက်ချင်းခေါင်းပြန်ငုံ့လိုက်လေတယ်.....

တခဏလောက်ကြာတော့မှ အရှင်က ကိုယ်ကို ကိုင်းညွှတ်ပြီး ချန်ဇီမင်းကို လက်မောင်းကနေ ကိုယ်တော်တိုင် ဆွဲထူလိုက်လေတယ်....

ဤဖြစ်စဉ် တစ်လျှောက်လုံး မည်သူတစ်ဉီးတစ်ယောက်မျှ စကားမပြောဝံ့ကြပေ....အရှင့်မျက်နှာတော်ပေါ်က ခပ်ဖျော့ဖျော့အပြုံးတစ်ခုကိုမြင်တော့မှ အကုန်လုံး စိတ်သက်သာရာရသွားဟန်နဲ့ သံပြိုင်ဟစ်ကြွေးလိုက်ကြတယ်.....

General OrderWhere stories live. Discover now