Chapter (15)

1K 165 1
                                    

ချန်ဇီမင်း ငူငူငိုင်ငိုင်နဲ့ မတ်တပ်ရပ်နေခဲ့တယ်...အရှင်ကတော့ သဝဏ်လွှာတွေ ဆက်ဖတ်နေပြီး သူ့ကို လုံးဝအာရုံမစိုက်တော့ပေ....

အစစ်အမှန်အဖြစ် ခံစားမိတဲ့အချိန်ထိ အကြာကြီး မတ်တပ်ရပ်နေခဲ့တယ်....

ငါ အောင်မြင်သွားပြီလား? ?? သူ့ကိုယ်သး ထပ်ခါထပ်ခါ မေးမြန်းနေရင်းကနေ သေးငယ်တဲ့ ပျော်ရွှင်မှုလေးတွေ လွှင့်မျောလာခဲ့တယ်....

ခေါင်းငုံ့ပြီး နောက်ပြန်ဆုတ်လိုက်တဲ့အခါ တံခါးပေါက်ဝနားရောက်တော့ အရှင့်ရဲ့မိန့်ကြားသံကို ကြားလိုက်ရပြန်တယ်...

"မောင်မင်းမှာ ဒုတိယအခွင့်အရေးဆိုတာ မရှိတော့ဘူး...ကိုယ်တော်ရဲ့ သနားကြင်နာမှုကို တန်ဖိုးထားစမ်းပါ..."

စစ်မထွက်ခင် ရင်းရင်းကို တစ်ခါလောက်တော့ သွားတွေ့ခဲ့တယ်...ကန့်လန့်ကာခြားထားသော်လည်း ရင်းရင်းရဲ့ ပြည့်ပြည့်ဖောင်းဖောင်းပုံရိပ်လေးကို ဝိုးတဝါးမြင်နေရတယ်...ချန်ဇီမင်း အစိုးရိမ်ရဆုံးသောသူမှာ အိမ်လွမ်းဝေဒနါခံစားနေရရှာတဲ့ ဝမ်းကွဲညီမလေးသာပင်....

နှစ်ဉီးသားတစ်ယောက်ကို တစ်ယောက်တန်ဖိုးထားကြပါတယ်...ပြောစရာတွေရှိနေပေမယ့်လဲ ပြောမထွက်နိုင်ခဲ့ကြပေ....

ချန်ဇီမင်း ပြန်ဖို့ ပြင်လို​က်တယ်...အစေခံတစ်ယောက်က လမ်းပြပေးဖို့ပြင်နေစဉ်မှာ ကန့်လန့်ကာကို ရုတ်တရက် ပင့်တင်လိုက်ပြီး ရင်းရင်းက မျက်ရည်အရွှဲသားနဲ့ ပြေးထွက်လာပြီး....

". ...ကော..."

မှင်သက်သွားပေးမယ့်လဲ ချန်ဇီမင်းရဲ့ နှလုံးသားတွေ ပျော့ပြောင်းလာတယ်..နောက်ပြန်လှည့်ပြီး ထွေးပွေ့လိုက်ချင်သော်ငြားလဲ မသင့်တော်လေသောကြောင့် လမ်းတစ်ဝက်မှာတင် အရှိန်သတ်ပြီး နူးညံ့ညှင်သာတဲ့ လေသံနဲ့....

"အဆင်ပြေပါတယ်...အဆင်ပြေသွားမှာပါ...အကုန်လုံး သေချာစီစဉ်ပြီးသွားပြီး...ဟုတ်ပြီလား..."

ရင်းရင်းက ခေါင်းခါလိုက်ပြီး...

"အစ်ကို နင် ဒီထက့်ပိုပြီး ဂရုစိုက်ရမယ်နော်...စစ်မြေပြင်ဆိုတာ အမြဲတမ်း ခက်ခဲကြမ်းတမ်းတယ်..."

General OrderDove le storie prendono vita. Scoprilo ora