Chapter (11)

1.1K 192 9
                                    

ချန်ပါးပါး ဒေါသတကြီးနဲ့ ခြေတစ်ချက်ဆောင့်လိုက်တယ်.... သားဖြစ်သူကို လက်ညိုးငေါက်ငေါက်ထိုးလိုက်​ပြီး.....

"စိတ်ရှုပ်စရာပဲ...!!!!"

ချန်မားမား တားဖို့ကြိုးစားလိုက်သော်လည်း ချန်ဇီမင်းက လက်စမသတ်ရသေးတဲ့ အောင်သွယ်စာတွေကို လွှင့်ပစ်လိုက်တယ်....ငွေရောင်အလင်းတစ်ချက် လင်းလက်သွားပြီး တံခါးပေါ်မှာ ဓားတစ်လက် စိုက်ဝင်နေတယ်....လှုပ်ခတ်နေတဲ့ ဓားသွားထက်မှာ အောင်သွယ်စာပေါ်မှာ စာသားအချို့ကပ်ညှိနေတယ်......

"အကုန်ရှင်း သွားပြီ...."

စကားမဆုံးသေးခင်မှာ ချန်မားမားရဲ့ လက်ဝါးက ချန်ဇီမင်းရဲ့ ပါးပြင်ပေါ် အရှိန်ပြင်းစွာကျရောက်လာခဲ့တယ်....ငယ်စဉ်ကတည်းကနေ အခုချိန်ထိ သူ့အမေ အခုလောက် ဒေါသထွက်နေတာမျိုးကို တစ်ခါမှမမြင်ဖူးခဲ့ပေ...ချန်ဇီမင်း ခေါင်းငုံ့ထားတယ်....သူ့အမေကို ဒေါသထွက်အောင် လုပ်မိသူက သူကိုယ်တိုင်ပဲမဟုတ်လား....

ချန်ဇီမင်း အချိန်တစ်ခုကြာတဲ့အထိ ငြိမ်နေခဲ့ပြီး လှည့်ထွက်လာခဲ့တယ်.....

တစ်လအကြာမှာတော့ ယန်လျန်ရဲ့ စစ်တပ်က ကျူးကျော်သူတွေကို အနိုင်ရခဲ့တဲ့သတင်းကြောင့် အရှင်မင်းမြတ် ​ပျော်ကြီးပျော်နေခဲ့တယ်.....

လူကိုယ်တိုင် နေပြည်တော် ပြန်မရောက်သေးတဲ့အတွက် တရားဝင် ဆုလာဘ်တွေ မချီးမြှင့်ရသေးသည့်တိုင် စစ်သူကြီးယန်လျန်ရဲ့ ဂုဏ်သတင်းက မြို့တော်တစ်ခွင် ပျံံ့နှံ့နေလေပြီ....

ယန်လျန်ရဲ့ တပ်တွေက ရန်သူ့နောက်ကိုလိုက်ရင်း မြေမျက်နှာသွင်ပြီရှုပ်ထွေးတဲ့ ကျင်းဝေတောင် နယ်နိမိတ်ထဲရောက်နေကြောင်း ထိုနေ့မှာပဲ တိုက်ပွဲအခြေနေသတင်းပို့ချက်တစ်စောင်ရောက်လာပြန်တယ်...ဒါဟာ ယေဘူယျအားဖြင့် တိုက်ပွဲပြီးဆုံးကြောင်း သတင်းပို့ ဖြစ်ပြီး ကြီးကျယ်လှတဲ့ အောင်ပွဲတစ်ရပ်ဆိုလဲ မမှားနိုင်ပေ.....

အရှင်မင်းမြတ်က ဝမ်းသာအားရမေးတော်မူတယ်....

"အကယ်၍ အိုက်ချင်းသာဆို ဘာလုပ်မလဲ??"

သတင်းပို့ချက်ရောက်လာချိန်မှာ အရှင့်အနားမှာ ချန်ဇီမင်းတစ်ယောက်တည်းသာရှိနေတယ်...သူငယ်ချင်းဖြစ်သူရဲ့အောင်ပွဲသတင်းကြောင့် ချန်ဇီမင်းလဲ ဝမ်းသာမိပါတယ်...သို့ပေမယ့်လဲ ပထမဆုံးဒီသတင်း ကြားလိုက်မိချိန်မှာ အထီးကျန်တဲ့ခံစားချက်တွေ နှလုံးသားထဲမှာ တဝဲဝဲ​လည်နေခဲ့တယ်...နောက်ပိုင်းမှာတော့ ယျန်လန်ရဲ့ အောင်မြင်မှုတွေ တစ်စတစ်စကြီးမားလာသလို ချန်ဇီမင်းရဲ့ ခံစားချက်တွေကလဲ လျစ်လျူရှုထားလို့မရတော့လောက်အောင် သိသာထင်ရှားလာခဲ့ပါပြီ...

General OrderWhere stories live. Discover now