Chapter (10)

1.1K 194 11
                                    

နှစ်ဉီးသား အကြည့်ချင်းဆုံမိလိုက်တာနဲ့....

"ကောင်းကောင်းမွန်မွန် ပြန်လာခဲ့"

ချန်ဇီမင်းအကျယ်ကြီးအော်လိုက်တယ်....

သဲသဲကွဲကွဲ မကြားနိူင်မှန်းသေချာနေသည့်တိုင် ယန်လျန်ကတော့ လက်ကိုဝှေ့ယမ်းပြနေပြီး သူသိတယ်ဆိုတဲ့ အမူအရာမျိုးထုတ်ပြနေတယ်...ခဏအကြာမှာတော့ ယန်လျန်က ခေါင်းငုံ့လိုက်ပြီး ဝတ်ရုံထဲကနေ တစ်ခုခုကိုဆွဲထုတ်လိုက်ပြီး ချန်ဇီမင်းဆီကို ပစ်ပေးလိုက်တယ်....

ချန်ဇီမင်း ခုန်ပြီး ဖမ်းလိုက်တယ်...လက်ဖြန့်ကြည့်လိုက်တော့ အခေါင်းပေါက်လေးတစ်ခုပါတဲ့ ကျောက်စိမ်းပြားလေးတစ်ခုသာလျှင်....

ချန်ဇီမင်း ​ကြောင်အမ်းအမ်းဖြစ်နေတယ်....

မော့ကြည့်လိုက်တော့ ယန်လျန်က ခါးကို လက်ညှိုးထိုးပြနေပြီး တစ်ခုခုပြောနေတယ်...နှုတ်ခမ်းလှုပ်တာကိုသေချာကြည့်လိုက်တော့မှ..."ယူထားလိုက်"လို့ပြောနေမှန်းသိတော့တယ်....

ချန်ဇီမင်း ခေါင်းညိတ်ပြလိုက်တော့ ယန်လျန်ပြုံးနေတယ်....

ထိုအချိန်မှာ မြို့တံခါးဝမှာ လူသွားလူလာနည်းလာတယ်...စစ်သည်တွေကလဲ မြို့တံခါးဝကနေ ထွက်ခွာဖို့ အချိန်နီးကပ်လာပြီ....

မြို့အပြင်ဘက်ကနေ ခရာမှုတ်သံကြားလိုက်တာနဲ့ ယန်လျန်တစ်ယောက် ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး မြင်းကိုကဆုန်စိုင်းစီးနင်းကာ ထွက်ခွာသွားလေတယ်.....

ချန်ဇီမင်း မှီလုဆဲဆဲမှာပဲ ယန်လျန်က မြင်းကို ကစုန်စိုင်းပြီး မြို့တံခါးဝနေ ထွက်သွားနှင့်နေပြီး သေနတ်ကို လက်ကကိုင်ပြီး မြင်းကိုစက်ဝိုင်းသဏ္ဍာန်လှည့်ပတ်စီးနင်းနေတဲ့အခါ မြင်းဘေးမှာချိတ်ဆွဲထားတဲ့ ငွေရောင်လှံရှည်က နေရောင်ခြည်အောက်မှာ ဉက္ကာပျံတစ်စင်းသဖွယ် တဖိတ်ဖိတ်လက်နေတော့တယ်.....

စီတန်းနေတဲ့ တပ်သားတွေကိုဖြတ်ကျော်ပြီး ငွေရောင်သေနတ်ကို မိုးပေါ်မြှောက်လိုက်ပြီး ရှေ့ဆုံးကနေ စစ်ချီသွားခဲ့ပါတော့တယ်.....

ယန်လျန်ရဲ့ ကျောပြင်ကိုကြည့်ရတာ စစ်နတ်ဘုရားတစ်ပါးနဲ့တူနေတာကြောင့် ချန်ဇီမင်း မှင်သက်နေမိတယ်...ယန်လျန်က အမြဲတမ်း  ပျင်းတိပျင်းရွဲ နေတတ်ပေမယ့်လဲ အရေးကြုံလာပြန်တော့လဲ အားမာန်အပြည့်နဲ့ တက်ကြွရဲရင့်နေပြန်တယ်.....

General OrderUnde poveștirile trăiesc. Descoperă acum