Chapter (12)

1K 184 6
                                    

စကားစမြည်ပြောကြ ဆိုကြရင်းနဲ့ပဲ သွားသောက်နေကြ စားသောက်ဆိုင်ကို ရောက်သွားခဲ့တယ်....ပုံမှန်ဖောက်သည်တွေဖြစ်နေတာကြောင့် ရှောင်အာက အထူးတလည် နှုတ်ဆက်စကားမဆိုဖြစ်တော့ပေ......ချန်ဇီမင်းက ထိုင်နေကျ ပြတင်းပေါက်နားက ခုံမှာ ဝင်ထိုင်နေပေမယ့် ယန်လျန်ကတော့ ရှောင်အာနဲ့ စကားပြောရင်း ကျန်ခဲ့တယ်....

ယန်လျန်က သူ့ဘေးမှာဝင်ထိုင်လိုက်တာကြောင့်ချန်ဇီမင်း မနေနိုင်တော့တာနဲ့ ထုတ်မေးလိုက်တယ်....

"အဖေကို အရှင်ပေးသနားလိုက်တဲ့ ဆုလာဘ်အကြောင်း သတင်းပို့ဖို့ အစ်ကိုယန် ကျွန်တော့် အိမ်ကိုရောက်နေတာလား??"

ယန်လျန်က ချန်ဇီမင်းကို လှည့်ကြည့်ပြီးပြုံးပြလိုက်တယ်....

"ဘာသတင်းများလဲ??"

ယန်လျန်ရဲ့ အမူအရာကြောင့် ချန်ဇီမင်း စူးစမ်းလိုစိတ်နဲ့ ထပ်မေးတယ်....

"အစ်ကိုပြောတော့......"

စကားတစ်ဝက်လောက်မှာတင် ချန်ဇီမင်း အထိတ်တလန့်နဲ့......

"အစ်ကိုယန်....ခင်ဗျား....အရှင့်ရဲ့ အမိန့်ကို တလွဲတွေဖတ်ပြခဲ့တာလား??"

ယန်လျန်က ချန်ဇီမင်းရဲ့ ပါးစပ်ကို လက်နဲ့ အမြန်အုပ်လိုက်ပြီး....

"ရှူး....တိုးတိုး....မင်းငါ့ကို ခေါင်းပြုတ်စေချင်နေတာလားကွာ...."

ချန်ဇီမင်း ခင်မျာ ရယ်ရခက် ငိုရခက်နဲ့.....

"အစ်ကိုယန် ...ခင်ဗျားဘာလို့ အဲ့လိုလုပ်ရတာလဲ???"

ယန်လျန်က ပြုံးပြလိုက်ပြီး....

"ဉီးလေးချန်းက ဉီးနှောက်မဲ့လွန်းတယ်.....လူငယ်တွေ သေရည်သောက်တာ ဘာဆန်းလို့လဲ...အရှင်က ငါ့ကို ဆုလာဘ်တွေပဲ ပို့ခိုင်းလိုက်တာ...ကျန်တဲ့စကားတွေက ငါ့ဘာသာငါ ဖြည့်ပြောလိုက်တာ..."

ချန်ဇီမင်းရဲ့ အပြုံးတွေခါးသက်နေတယ်.....

"အစ်ကိုယန်ပြောတဲ့စကားက အရင်တုန်းက အရှင်ပြောဖူးတဲ့စကားနဲ့တူလိုက်တာ...."

ယန်လျန်:"အရှင် ငယ်ငယ်တုန်းက တကယ့် အာဂလူပဲ.... အခုလဲ အဲ့လို...."

General OrderWhere stories live. Discover now