Chapter (6)

1K 168 1
                                    


ဟန်ဆောင်မျက်နှာဖုံးတွေ ခဏချွတ်ထားရတဲ့အတွက် စိတ်သက်သာရာရသွားခဲ့တယ်...မက်မုံသားနဲ့ထွင့်ထုထားတဲ့ မျောက်ရုပ်လေးတစ်ရုပ်ကို ရင်းရင်းလက်ထဲထည့်ပေးလိုက်တယ်....

"ကြည့်ပါဉီး...နင်နဲ့တော်တော်တူတာပဲ..."

ရင်းရင်း ဒေါပွသွားပြန်တယ်....

မီးပုံးတွေတစ်ခုပြီးတစ်ခုလွတ်တင်နေကြတယ်....ကောင်းကင်ပေါ်က အနီရောင်အလငတန်းတွေကို ကြည့်ပြီး ပျော်ရွှင်ရယ်မောသံတွေဆူညံလာတာကြောင့် အမှောင်ထုဖုံးနေပေမယ့်လဲ ပတ်ဝန်းကျင်တစ်ခုလုံးနွေးထွေးသက်ဝင်နေတယ်.....

ရုတ်တရက်...အေးစက်တဲ့အရာတစ်ချို့ ချန်ဇီမင်းမျက်နှာပေါ်ကျလာတယ်....ချန်ဇီမင်းတို့နှစ်ယောက်ခေါင်းမော့ကြည့်လိုက်တယ်....

"အိုး...မိုးရွာပြီ...."

ပွဲတော်လာပုရိတ်သတ်တွေအကုန်ပြေးလွှားနေကြတယ်.....

ချန်ဇီမင်း ကောင်းကင်ကိုမော့ကြည့်ပြီး သက်ပြင်းချလိုက်တယ်.....

"ဘာလို့လဲ ဝမ်းနည်းနေတာလဲ??"

ရင်းရင်းရဲ့လက်ကိုဆွဲလိုက်ပြီး...

"သွားကြစို့..."

ပြေးရင်း ပြေးရင်းနဲ့ မိုးသည်းလာတာကြောင့် ဆိုင်တစ်ဆိုင်ရဲ့ တံစက်မြိတ်အောက်မှာ မိုးခိုခဲ့ကြတယ်...ချန်ဇီမင်းရဲ့ဘောင်းဘီအောက်ဖျားတွေစိုရွဲနေတယ်....ရင်းရင်းကိုတစ်ချက်လှည့်ကြည့်လိုက်ပြီး သူ့အပေါ်ဝတ်ရုံကိုချွတ်လိုက်ပြီး ရင်းရင်းခေါင်းပေါ်ခြုံပေးလိုက်တယ်....

"ရော့..ခြုံထားလိုက်...နင့်ပုံစံက ရေနစ်နေတဲ့မျောက်လိုပဲ..."

ရှက်သွေးဖြာသွားတဲ့ ရင်းရင်းက ခေါင်းငုံ့လိုက်ပြီး.....

"မကြည့်နဲ့ ဟိုဘက်လှည့်နေ..."

ထီးဆောငီးပြီး ဖြတ်သွားတဲ့တစ်ယောက်က သူတို့နှစ်ယောက်အသံကြားပြီးရပ်ကြည့်နေတယ်...ချန်ဇီမင်း ထိုလူကိုတွေ့လိုက်တော့အတော်အံ့သြသွားတယ်....

"အစ်ကိုယန်....."

ချန်ဇီမင်းဘေးက ရင်းရင်းကို ကြည့်ပြီး ယန်လျန်ပြုံးလိုက်တယ်....

General OrderWhere stories live. Discover now