Chapter (8)

1.1K 200 9
                                    

"ရင်းရင်း နန်းတွင်းမှာ ကောင်းကောင်းနေရတာကြောင့် အိမ်ကိုတောင်မလွမ်းမိပါဘူး...အရှင့်ကို ဘယ်လိုများအနှောက်အယှက်ပေးဝံ့မှာလဲ??"

ဧကရာဇ်က စကားမဆိုဘဲ လက်ဝှေ့ယမ်းပြနေတယ်....နေသာနေတာကြောင့် တောက်ပတဲ့နေရောင်ခြည်အောက်မှာ ငယ်ရွယ်ပျိုုမြစ်ပြီးသူရဲကောင်းဆန်တဲ့ အရှင့်ကို ထင်ရှားစွာ ဖူးတွေ့ခွင့်ရခဲ့တယ်...သေချာစွာ ကြည့်လိုက်မိတော့မှ အရှင့် မျက်နှာတော်က အရမ်းကြီးထူးခြားနေတာမျိုးမဟုတ်ပေမယ့် မျက်ဝန်းအိမ်တွေ မျက်ခုံးတွေကတော့ သာမာန်ထက် ထူးခြားနေပြီး တည်ငြိမ်တဲ့အသွင်ဆောင်နေတယ်....အရှင်က စကားနည်းတယ်.... အမှတ်တမဲ့မော့ကြည့်လိုက်ချိန်တိုင်း အရှင်ရဲ့ အနက်ရောင်မျက်ဝန်းတွေကြောင့် အကြောင်းပြချက်မဲ့စွာ ထိတ်လန့်ခဲ့ရဖူးတယ်....နှစ်ပေါင်းများစွာ လူတကာရဲ့ အထွဋ်အထိပ်မှာ ရပ်တည်ခဲ့တာကြောင့် အရှင့်ရဲ့ အရှိန်ဝါတွေ လှုပ်ရှားမှုတွေက မချဉ်းကပ်ရဲလောက်တဲ့အထိ ကြောက်လန့်စေတယ်....

အကြာကြီး မော်မဖူးဝံ့တာကြောင့် ကျေးဇူးတင်စကားဆိုပြီးတာနဲ့ ခေါင်းပြန်ငုံ့ထားလို​က်တယ်....

ဧကရာဇ်တစ်ပါးရဲ့ ရှေ့တော်မှောက်မှာ ပေါက်ကရစကားတွေမဆိုဝံ့တာကြောင့် အပြန်အလှန် စကားအနည်းငယ်ပဲဆိုဖြစ်ကြတယ်....သူ့အမေ မွေးရပ်ဇာတိကိုပြန်သွားကြောင်းသိလိုက်ချိန်မှာ ရင်းရင်း အ​တော်လေးဝမ်းနည်းနေခဲ့တယ်....ထိုအချိန်မှာ အရှင်က.....

"ပြောလို့ပြီးကြပြီလား??"

ရင်းရင်း ခေါင်းညိတ်ပြလိုက်တော့....

"ဒါဆို မင်းရဲ့အဆောင်ကိုပြန်တော့..."

ရင်းရင်းက ချန်ဇီမင်းကို တစ်ချက်လှည့်ကြည့်လိုက်ပြီး လျင်မြန်စွာ ထွက်ခွာသွားလေတယ်.....

မျောက်ရုပ်လေးအကြောင်းတွေးမိလိုက်တော့ ချန်ဇီမင်းစိတ်ထဲမှာ မသက်မသာလေးလံနေခဲ့တယ်....ချန်ဇီမင်းတစ်ယောက် အတွေးတွေနဲ့ ကမ္ဘာပျက်နေစဉ်မှာ အရှင်က....

"နောက်လကျရင် ဘိုးဘေးတွေကိုကန်တော့ဖို့ ကိုယ်တော် နန်းပြင်ထွက်ရလိမ့်မယ်....ဒီခရီးစဉ်တစ်လျှောက်လုံး မောင်မင်း ကိုယ်တော့်ကို လိုက်ပါစောင့်ရှောက်ရမယ်..."

General OrderWhere stories live. Discover now