Chapter (16)

977 189 8
                                    

ယန်လျန်က သူ့ (မင်းကြီး)  ကိုမြင်တော့ ထိတ်လန့်သွားပြီး သူ့ဘေးကအပျိုတော်လေးကို အံ့အားသင့်နေဟန်နဲ့ လှည့်ကြည့်နေတယ်.....

အရှင်မင်းမြတ်ရဲ့ စိတ်ထဲမှာ ဒေါသတရားတွေ ကြီးစိုးလာပြီး ခုနကတုန်းက ခံစားနေရတဲ့ သနားမှုတွေ ဝမ်းနည်းမှုတွေကို မေ့လျော့သွားခဲ့တယ်.....

အခု သူ ထီးနန်းစိုးစံနိုင်နေပြီ...အရင်တုနိးကလို အားနည်းချိနဲ့နေတဲ့ မင်းသားတစ်ပါးမဟုတ်တော့တဲ့အပြင် တစ်ဖက်သားကို လှည့်စားတတ်တဲ့ သူရဲဘောကြောင်သူတစ်ယောက်လဲ မဟုတ်တော့ပါ.....

သူ ဘာလို့ထွက်ပြေးရတာလဲ....ဘာလို့ ဒီမိန်းမနဲ့အတူ ထွက်ပြေးသွားတာလဲ !!!!

"ဒီကိုလာခဲ့ ယန်လျန်...ငါကိုယ်တော် ဒီမိန်းမကိုသတ်ဘူးလို့ ကတိပေးတယ်....."

ခက်ခဲမှုတွေကို မြိုသိပ်ရင်းနဲ့ ယန်လျန်ဆီ လက်လှမ်းလိုက်တယ်.....

ယန်လျန်က သူ့ကို သံသယမျက်လုံးတွေနဲ့ ကြည့်နေတယ်....သူတို့တွေ တဟ်ယောက်အကြောင်းတစ်ယောက် အတွင်းသိအဆင်းသိနေတွေပါ...အတူတကွဖြတ်သန်းလာခဲ့ရတဲ့ နှစ် လတွေက အလကားမှမဟုတ်တာ....သူတို့နှစ်ယောက်က နှစ်ခုပေါင်းမှပြည့်စုံမှ စက်ဝိုင်းတစ်ခုလိုပဲလေ.....

မတိုးသာ မဆုတ်သာအခြေနေမျိုးမှာ ယန်လျန်က....

"အခုဆို မင်းသားက ဧကရာဇ်ဖြစ်နေပါပြီ...."

သူ ခေါင်းညိတ်လိုက်တယ်....

"အရှင့်ဘက်က ကတိဖျက်ခဲ့မယ်ဆို ကျွန်တော်မျိုးရဲ့အဆုံးသတ်လဲ အဆင်ပြေမှာမဟုတ်ဘူး...."

တဒိန်းဒိန်းခုန်လှုပ်နေလေသော နှလုံးသားကြောင့် ခြေလှမ်းတစ်ဝက်စာလောက် ရှေ့တိုးသွားခဲ့မိတယ်....

"မောင်မင်း ကိုယ်တော့်ကို စျေးလာဆစ်မနေနဲ့ ! !!!"

အမြဲတစေ မထုံတတေးရှိနေတတ်တဲ့ ယန်လျန်ရဲ့ မျက်နှာပေါ်မှာ နာကျင်နေတဲ့အရိပ်အယောင်တွေ မြင်နေရတယ်....ဒီအရိပ်အယောင်တွေကပဲ အရှင်မင်းမြတ်ကို အနိုင်ပိုင်းသွားလေပြီ....

"ကောင်းပြီ...ကိုယ်တော် သူ့ကို မသတ်ဘူးလို့ ကတိပေးတယ်...."

ယန်လျန့်ဘက်က လက်လွှတ်ပေးလိုက်တာကြောင့် ထိုအမျိုးသမီး ထိတ်လန့်သွားတယ်...ယန်လျန်က ထိုအမျိုးသမီးကို ပြုံးပြလိုက်ပြီး....

General OrderWhere stories live. Discover now