Chapter (19)

2.4K 245 31
                                    

ချန်ဇီမင်း ခေါင်းမော့ကြည့်လိုက်ချိန်မှာ အရှင်ရဲ့ ခပ်ဖျော့ဖျော့အပြုံးတွေကို မြင်တွေ့လိုက်တာကြောင့် ဘာမှထက်မပြောဝံတော့ပေ....လေးနက်တည်ကြည်စွာ ခေါင်းငုံ့ အရိုအသေပြုလိုက်ပြီး.....

"ကျေးဇူးကြီးလှပါတယ် အရှင်..."

ချန်ဇီမင်းရဲ့ အဖြေကို အရှင်က ခေါင်းညိတ်ပြပြီး အသိအမှတ်ပြုလိုက်တယ်.....

အဲ့ကျတော့မှပဲ ခန်းမထဲကလူတွေလဲ စိတ်ဒုန်းဒုန်းချနိုင်တော့တယ်...ကိုယ့်နေရာ ကိုယ်ပြန်ထိုင်လိုက်ချိန်မှာ ချန်ဇီမင်း တစ်ကိုယ်လုံး နုံးခွေနေပြီး ထမင်းစားတူကို ကိုင်ဖို့တောင် အားမရှိတော့ပါ.....

တခဏကြာတော့ မနေနိူင်မထိုင်နိူင်နဲ့ အရှင့်ကို လှမ်းကြည့်လိုက်တယ်...အရှင်ကလဲ သူ့ကို လှမ်းကြည့်နေတာကြောင့် နှစ်ယောက်သားအကြည့်ချင်းဆုံပြီး အိုးတို့အန်းတုန်းတွေ ဖြစ်ကုန်ပါလေရော......

အရှင့်ရဲ့ မျက်နှာတော်ကို ရဲတင်းစွာ မကြည့်ဝံ့တာကြောင့် ချန်ဇီမင်း အထိတ်တလန့်ခေါင်းငုံ့ချလိုက်တယ်.....စားပွဲပေါ်က ပန်းကန်ခွက်ယောက်တွေအကုန်လုံးကို နှစ်ထပ်တွေမြင်နေတဲ့အထိ မူးဝေနေပြီ.....

"ချန်လူကြီးမင်း...."

ခေါင်းမော့ကြည့်လိုက်တော့ အရာရှိတစ်ယောက်က သေရည်ခွက် ကိုင်ပြီး သူ့စားပွဲရှေ့မှာ ရပ်နေတယ်.....

"ချန်လူကြီးမင်း..ကျေးဇူးပြုပြီး...."

ချန်ဇီမင်းလဲ ငြင်းမနေတော့ဘဲ မထူးဇာတ်ခင်းပြီး တစ်ကျိုက်တည်း သောက်ပစ်လိုက်တယ်...ဒါကိုမြင်တော့ ကျန်တဲ့အရာရှိတွေလဲ ရောက်လာကြပြီး ပျော်ပျော်ပါးပါး ခွက်ချင်းတိုက်ကုန်ကြပြီ.....

ချန်ဇီမင်း ငြင်းလိုက်ချင်ပေမယ့်လဲ ရောက်လာကြသူတွေက သူ့ထက်ရာထူးကြီးသူတွေချည်းပဲဆိုတော့ တိုက်သမျှအကုန်သောက်နေရတော့တာပေါ့.....

ရုတ်တရက်ကြီး ချန်ဇီမင်းတစ်ယောက် ချာချာလည်အောင် မူးဝေပြီး ပစ်လဲသွားပါလေရော....

တစ်ယောက်ယောက် သတိပေးနေသံတော့ကြားလိုက်မိသေးတယ်....

"ချန်လူကြီးမင်း မူးနေပြီ....လာကူကြပါဉီး..."

You've reached the end of published parts.

⏰ Last updated: Mar 17, 2022 ⏰

Add this story to your Library to get notified about new parts!

General OrderWhere stories live. Discover now