Chapter (13)

893 162 11
                                    

ယန်လျန်က မီးအလင်းရောင်အောက်မှာပြုံးရယ်နေတယ်....

"ရည်ရွယ်ချက် ? ??.... ကောင်းသောပြောင်းလဲခြင်းနဲ့  ပြောင်းလဲလာနိုင်မယ့်တစ်နေ့ဆိုတာရှိလာနိုင်တာပဲ... ဘယ်သူမဆို အခွင့်ရေးရှိတယ်...ငါမပြောနိုင်ဘူး......."

ချန်ဇီမင်း အတွေးတွေထဲမှာ နစ်မြောနေတယ်....

"အစ်ကိုယန်က ပို ပိုပြီး လျှိုုဝှက်ဆန်းကြယ်လာတယ်​နော်...."

ယန်လျန်က ပြန်ဖြေရမယ့်အစား လက်ထဲကသေရည်ခွက်ကို ဆော့ကစားနေပြီး ခပ်ဖွဖွရယ်မောနေတယ်.....

ချန်ဇီမင်းက စိတ်ရှုပ်နေဟန်နဲ့ မတ်တပ်ထရပ်လိုက်ပြီး....

"နန်းတွင်း တပ်မှုးရဲ့စကားထဲမှာ အဓိပ္ပါယ်တစ်ခုခုရှိနေတယ်...နိမ့်ကျတဲ့ဒီငယ်သား နားမလည်လို့ ကျေးဇူးပြုပြီး ရှင်းရှင်းလင်းလင်းပြောပြပေးပါ..."

ယန်လျန်က သူ့ကို ပြန်ထိုင်ဖို့ ခြေဟန်ဘက်ဟန်ပြလိုက်ပြီး...

". ....မင်း အတွေးလွန်နေပြီ..."

ချန်ဇီမင်း မတ်တပ်ရပ်နေဆဲပါပဲ....သို့ပေမယ့် လေသံကတော့ အေးစက်နေတယ်...

" ကျွန်တော် အရှင့်ကို မကျေမနပ်ဖြစ်နေမှာကို နန်းတွင်းတပ်မှုး စိုးရိမ်နေတာလား? ?"

ဒီစကားက ရက်စက်လွန်းပေမယ့်လဲ ယန်လျန်က​တော့ မျက်နှာတစ်လေးမျှ ပျက်မသွားပေ....ဒီခြေနေက သူ ကြိုတင်ခန့်မှန်းထားတဲ့ အ​ခြေနေမျိုးမှန်း သိသာလွန်းနေတယ်...

"မင်းမှာ မတူညီတဲ့ ခံစားချက်တွေရှိ​နေတယ်...မင်းဘာဆက်လုပ်မလဲ..."

ချန်ဇီမင်း ဒေါသထွက်နေပြီး....

"ခင်ဗျား..!!!"

တွေးကြည့်လိုက်ပြန်တော့လဲ သူ့မှာလုပ်နိုင်စွမ်းမရှိပါဘူး..ဒါ့အပြင် ဒေါသကိုလဲ ထိန်းမထားနိုင်ဘူး....

ယန်လျန်က သေရည်တစ်ခွက် ငှဲ့လိုက်ပြီး...

"ဘာကိုမှ မပြောင်းလဲနိူင်မှာတော့ ဘာကြောင့်သေရည်မသောက်ဘဲနေရမှာလဲ..."

ချန်ဇီမင်း သေရည်ခွက်ကို ကောက် ကိုင်လိုက်ပြီး ခါးသက်စွာရယ်မောလိုက်တယ်...

General OrderNơi câu chuyện tồn tại. Hãy khám phá bây giờ