Chapter (7)

1.1K 194 4
                                    

အချိန်ကြာလာတော့ ချန်ဇီမင်း သူ့ကိုယ်သူအိမ်မက်မက်နေတယ်လို့ ထင်လာမိတယ်...ရင်းရင်းလို အပြစ်ကင်းပြီးဖြူစင်သူက နန်းတော်လိုနေရာမျိုးနဲ့ ဘယ်လိုများအပ်စပ်နိုင်ပါ့မလဲ??သူမကို နန်းတော်ထဲမှာ သေတဲ့အထိ ပိတ်လှောင်ထားတော့မှာလား....

ရင်းရင်းရဲ့အမေကတော့ လဝက်လောက်အထိ တငိုငို တရယ်ရယ်ဖြစ်နေခဲ့ပြီး နောက်ဆုံး လက်မြှောက်အရှုံးပေးလိုက်ကာ မွေးရပ်ဇာတိကို ပြန်သွားပါတော့တယ်....

ချန်လင်မယားနှစ်ယောက်စလုံးလဲ စိတ်မချမ်းမြေ့နိုင်ဖြစ်နေရရှာတယ်...အကြာကြီးနေမှ အမျိုးတွေပြန်ဆုံခွင့်ရခဲ့ပေမယ့် ဒီလိုအဆုံးသတ်နဲ့တွေ့ကြုံခဲ့ရတယ်လေ....

ရင်းရင်း သူ့ကို လက်သီးရမ်းပြခဲ့တဲ့ မီးပုံးပွဲ​တော်ကျင်းပရာ လမ်းကနေ ဖြတ်ကျော်ပြီးချန်ဇီမင်း နန်းတော်ထဲ အခစားဝင်ခဲ့ရတယ်....

ကံကောင်းထောက်မစွာနဲ့ ချန်ဇီမင်း တစ်ခါတစ်ရံ အဝေးကနေ သူမကို မြင်တွေ့ခဲ့ရတယ်...ရင်းရင်းက အရင်နဲ့မတူတော့ဘဲ တစ်သွေးတစ်မွေးနဲ့ ပိုလှပလာတယ်...နန်းတွင်းမှာ လူကြိုက်များတဲ့ ဘရိုကိတ်ဝတ်စုံကို ဝတ်ဆင်ထားတာကြောင့် ချန်ဇီမင်း တစ်ခါမှမြင်ဖူးတဲ့ မိန်းမသားဆန်တဲ့အလှကို မြင်တွေ့လိုက်ရတယ်...သူကြည့်မိလိုက်ချိန်မှာ ရင်းရင်း ပြုံးနေလားဆိုတာမသေချာပေမယ့် ထိုအပြုံးတွေက သူမရဲ့မူလအသွင်သဏ္ဍာန်နဲ့ကွဲပြားခြားနားလွန်းနေခဲ့တယ်....

ထိုအပြုံးတွေကို ကြည့်ရင်း တစ်ကိုယ်လုံးအေးစက်လာသလိုခံစားရတာကြောင့် နောက်ထပ်မကြည့်ဝံတော့ဘဲ လှည့်ပြန်ခဲ့ရတယ်...

ဒီအတောအတွင်းမှာ  ယန်လျန်နဲ့အတူ သေရည်သောက်ရခြင်းတစ်ခုတည်းကသာလျှင် ချန်ဇီမင်းကို နွေးထွေးမှုပေးစွမ်းနိုင်ခဲ့လေတယ်....

ယန်လျန်ရဲ့ အရယ်အပြုံးတွေက မထင်မှတ်စွာနဲ့ ချန်ဇီမင်းကို စိတ်သက်သာရာရစေခဲ့ပါတယ်....ဒါ့ကြောင့် အရက်မူးလာတော့
မေးလိုက်တယ်....

"အစ်ကိုယန်ဘာလို့အမြဲတမ်း ပြုံးရယ်နေတာလဲ??"

ယန်လျန်က လက်ထဲက ခွက်ကို ဖြည်းဖြည်းချင်း လှည့်လိုက်ပြီး...

General OrderWhere stories live. Discover now