Caligari

4.6K 243 8
                                    

Unicode

Caligari....
ဘယ်သူမှ မမြင်နိုင်တဲ့ ဒဏ်ရာ​တွေ​ပေါ့။
ဘယ်သူမှ သိခွင့်မရှိဘူး။
ကျိန်စာသင့်​နေတဲ့ ပဟေဋိတစ်ခုလို ​အ​ဖြေကို ရှာ​ဖွေဖို့ကြိုးစားမိရင်ကိုယ်တိုင်​ပျောက်ဆုံးရမှာဖြစ်သကဲ့သို့
ဝမ်ရိ​ပေါ်အ​ပေါ် သနားကရုဏာသက်မိသူမှန်သမျှဟာ ဝမ်ရိ​ပေါ် ကိုယ်တိုင် ဖျက်စီးခြင်းကို ခံရမှာ ဖြစ်သည်။
နတ်ဘုရားတစ်​ယောက်လို အရှိန်အဝါ အပြည့်နဲ့ ဝမ်ရိ​ပေါ်က သူ့ရဲ့ နာကျင်ပင်ပန်းမှု​တွေကို ​တစ်​လောကလုံးမှာ ဘယ်သူမှ သိခွင့်မရှိနိုင်​အောင် တစ်သက်လုံး ဖုံးကွယ်သွားလိုသတဲ့။

.............................

ခြေထိပ်ဖျား​လေး​တွေက ​ကြမ်းခင်းနဲ့ အကြိမ်ဖန်​ပေါင်းများစွာ ​ထိ​​တွေ့ရပြီး​နောက် ပွန်းပဲ့လွန်းလို့ ​ သွေးစို့​လာရသည်။
​အချိန်ကြာမြင့်စွာ ​​ထောက်ထားရတဲ့ ​​ ​ခြေဖျားဟာ တစစ်စစ် နာကျင်လာရ​ပေးမယ့် သူရပ်တန့်လိုက်ဖို့ ဆန္ဒမရှိဘူး။
​လေ​အ​ဝှေ့မှာ က​မျောကပါးလွင့်ရတဲ့ မက်မွန် ပွင့်ချပ်​​လေးတစ်ချပ်လို ​ပျံဝဲ​မျောလွင့်​နေသည့် မိမိကိုယ်ခန္ဓာကို မက်​မောမိလွန်းလို့။
​​လေ​ပြေ​ပြေမခတ်​ပေမယ့် လူးခါ​နေရသည့် ဆံနွယ်တို့ကသာ သူ၏ စိတ်ဝိဥာဥ် ခိုနာရာမလို့။
​အ​တောင်ပံတစ်စုံလို စိတ်နှင်ရာအတိုင်း ယိမ်းနွဲ့​နေတဲ့ လက်သွယ်သွယ်က ယူကြုံးမရခြင်းကို ​ဖော်ညွှန်းဖို့ ရင်အုံကို နွမ်းလျလျ ယှက်သွယ်လို့ထားသည်။

"Odette က သူမ သစ္စာ​ဖောက်ခံရပြီး နန်း​​တော်ထဲက ပြန်​ပြေးထွက်လာတဲ့အချိန်မှာ ရင်​တွေကွဲမတတ်ထိ ခံစားရမှာ"

​ရင်အုံကို ကျိုး​ကြေလုနီးနီး ဖိယှက်ထားရင်း swan lake ပုံပြင်ကို သရုပ်​ဖော်ကပြ​နေသည့် ရိ​ပေါ်က ငန်းမ​လေး ​Odette ​နေရာကို အစားထိုး ခံစားလို့ ဆို့ဆို့နစ်နစ်ဆိုသည်။
​ဆောက်တည်ရာမရစွာ သည်းခြေပျက်သကဲ့သို့ ​ပြေးလွှာခုန်​​​ပေါက်ကာ ပြင်းထန်သည့် ​ဝေဒနာကို ခံစား​နေရ​ကြောင်း ​ဖော်ညွှန်းကပြ​နေသည့် ရိ​ပေါ် တစ်ခနချင်းမှပင် ညှင်သာ​သော ဝင်သက်ထွက်သက်တို့ဖြင့် ​ဆွေး​​မြေ့​ကြွေကွဲကာ ​ ယိုင်နဲ့ပျက်စီး​တော့မည့် ကိုယ်ဟန်​ပြောင်းလို့ အသွင်ယူသည်။
​နောက်ဆုံး Odette ဟာ ​သေဆုံးဖို့ကို ​ရွေးချယ်သွားတဲ့ ကကွက်အထိ မုန်းတီးမှု၊​ကြေကွဲဆို့နင့်မှု၊သနားကရုဏာသက်မှု ခံစားချက်အ​​ရောင်​ပေါင်းစုံ​အောင်လွင်သည့် ဝမ်ရိ​ပေါ်ရဲ့ ​ပြောင်​မြောက်ရဲ့ အနုပညာမှာ အခန်းအတွင်းရှိ လူတို့ ​မေ့​လျော့​နေသည်က အသက်ရှူရန်သာ။

Caligari(Complete)Where stories live. Discover now