Vandalism

558 56 16
                                    

Unicode

Vandalism

ဖျက်စီးပစ်ရ​တော့မယ်။
ခင်များ   ပိုင်ဆိုင်မှုအဖြစ်   အဆုံးထိရှိ​နေမယ့်    ကျွန်​တော့်နှလုံးသားကို   အခု  ကျွန်​တော်  ကိုယ်တိုင်  ဖျက်စီးပစ်ရ​တော့မယ်။
ခင်များ  မြတ်နိုးခြင်းမှန်သမျှကို ဖျက်စီးပစ်မယ်လို့  ကတိ​ပေးခဲ့သလို​​ပေါ့။


~~~~~~~~~~~~~~~~

ဖုန်းထဲက   မုယွမ်​ပြောပြသည့်   အ​ကြောင်းအရာ​တွေပြီး​အောင်​တောင်မ​စောင့်၊
   ​ချက်ချင်း  သူမရှိရာသို့  လာမည်ဟု  ဆိုလာသည့်  ​ရှောင်းကျန့်၏  အသည်းအသန်တုံ့ပြန်မှုဟာ     မုယွမ်  ခန့်မှန်းထားသည့်  အတိုင်းပင်။
​​ပြောလက်စဖုန်းကို  ချလိုက်လို့  ရှောင်းကျန့် ​ရောက်လာမည့်  အချိန်ကို  ​စောင့်ရင်း  သူမ​ရှေ့က  ​​​ရနံ့သင်းသင်းထ​နေသည့်   ကော်ဖီကို  တစ်ငုံ​သောက်လိုက်​တော့မှ  ထိုင်းမှိုင်း​နေသည့်    အာရုံ​ကြောတို့ဟာ  ပြန်ပွင့်လာသည်။
မနက်က    သူမနှင့်ယွီပင်းပြောခဲ့ကြသည့်  အ​ကြောင်းအရာများကို   ပြန်​တွေး​မိတော့   ဘယ်နှကြိမ်​မြောက်မှန်း  မသိ​သော သက်ပြင်းကို  ချမိ​၏။
ခံစား​တွေ ယခုတိုင်ရှိ​​နေသည့်    ရည်းစား​ဟောင်းဟာ  ရုတ်တရက်ဆန်ဆန်   တွေ့လိုက်ရခြင်းက    သူမအား  ​ဆောက်တည်ရာမရသည်အထိ    ထိတ်လန့်​စေသလို   ၊
​​​​မျှော်လင့်မထားစွာ   သူမသိလိုက်ရသည့်  အ​ကြောင်းအရာ​တို့က  ပို၍ပင်   ထိတ်လန့်စရာ​ကောင်းလှသည်။
​​လေဟာနယ်ထက်  တ​ငွေ့​ငွေ့  ​ပျောက်ကွယ်သွားကြ​​သော   ​ကော်​ဖီ​ငွေ့တို့  ​ငေးကြည့်​နေရင်း  သူမ၏  အ​တွေးများဟာ  လွန်ခဲ့​​သော       နာရီ  အနည်းငယ်စီသို့။

Flash back

အမှုဖိုင်​တွဲ​​တွေထက်      စုပြုံလ်ို့  ပုံအပ်ထားသည့်    မုယွမ်၏  အာရုံများဟာ  ရုတ်တရက်ထမြည်လာသည့်  ဖုန်း​ကြောင့်  ပြန့်ကျဲသွားသည်။
စိတ်မရှည်စွာ  ကျစ် တစ်ချက်သပ်လို့   ဖုန်းအား ယူကြည့်လိုက်​တော့  ​ဖုန်းမျက်နှာပြင်ထက်   ​နေရာယူထားသည့်  နာမည်​လေး​ကြောင့်   တိတ်ဆိတ်သွားရသည်။

*ယွီပင်း*

ဖုန်းအားလက်ခံလိုက်သည်နှင့်  တပြိုင်နက်  ရင်ထဲ  တလှိုက်လှိုက်ဆန်တတ်လာတဲ့  ဝမ်းနည်းစိတ်​ကြောင့်  ​ဖြေကြားလိုက်သည့် သူမအသံမှာ  တုန်ယင်မ​နေဖို့   ရုန်းကန်ရပြန်သည်။

Caligari(Complete)Where stories live. Discover now