Swan Emblem

502 52 2
                                    

Unicode

Swan Emblem

'လှည့်ဖျားမှု​​ကျော့ကွင်းရဲ့ အမှတ်အသား
​အမှန်တရား အတွက် သဲလွန်စ၊
ဒီ​ရေနဲ့အတူ  အထွတ်အထိပ်​ရောက်လာတဲ့  ​လောဘစိတ္တ။
ဒုစရိုက် သရဖူကို ​​ဆောင်းထားရင်း
သစ္စာတရား အပျက်အစီး​တွေဟာ ​ခြေနင်း ကတ္တီပါ။'

~~~~~~~~~~~~~~~~~

တံခါးလက်ကိုင်ဘုကို  ဆွဲလှည့်လို့  တံခါးချပ်အား  တွန်းဖွင့်လိုက်သည်နှင့်   အ​မှောင်ထုအား  မျက်နှာချင်းဆိုင်မိ၏။
ဖုန်နံ့တို့ ကြီးစိုးသည့် အခန်းတွင်း​လေထု​ကြောင့်  ​နှာ​ခေါင်းအား အလိုအ​လျောက် ပိတ်ထားလိုက်မိသည်။
​မဲ​မှောင်​နေသည့်  ဝန်ကျင်းအား  အနီး၌ ရှိ​သော မီးခလုတ်ကို ဖွင့်လိုက်ပြီး  ​မှောင်မဲ​​​နေ​သော ဝန်ကျင်းအား ​ပျောက်ကွယ်​စေလိုက်သည်။
မီး​ရောင်​အောက်တွင်  ထင်ရှားစွာ ​ပေါ်လွင်လာသည့်  အရှုပ်အပွများ။
ပျက်စီးဟောင်းနွမ်း  ပစ္စည်းများကို  တစ်​နေရာထဲ  စုပြုံ၍ ပစ်ထားသလို ဖရိုဖရဲ ဖြစ်​နေသည့် အခန်းကျဥ်း​လေးမှာ  ​ခြေချစရာ ​နေရာလွတ်များများစားစား   မရှိ။
ပြန့်ကျဲ့​နေသည့် အပိုင်းအစများကို  ​ဖယ်ရှား​နေရင်း  အိမ်​တော်ရှိ များပြားသည့် အိမ်အကူများက ဤ အခန်းအား အဘယ်​​ကြောင့်  များ  သန့်ရှင်း မလုပ်ရသည်ကို  ယုံချန်   ​တွေး​နေမိသည်။
များပြားလှသည့် ပစ္စည်းတို့အား မိမိတစ်​ယောက်တည်းအားဖြင့် ရှင်းလင်း​နေလျှင်  အချိန်များစွာ ကုန်သွားမည်မှာ  ကျိန်း​သေ​ပေါက်​မလို့  အကူအညီ သွား​တောင်းရန်  အပြင်သို့ ပြန်အထွက်   ​​​ခပ်မာမာ   ဝတ္ထု​လေးတစ်ခုသည် သူ၏ခြေ​ထောက်​အောက်တွင် ​နေရာယူထားသည်။
စူးစမ်းလို စိတ်အပြည့်ဖြင့်  ​ကောက်ကိုင်​လိုက်​သော  စာအုပ်သဏ္ဍန် ​လေး​ထောင့် အရာ​လေးဟာ အ​တော့်ကိုမှ    ​​​​ဟောင်းနွမ်း​နေသည်။
ကာလကြာစွာ    ပစ်ထားသည်မလို့  ဖုံမှုန့်အချို့ဟာ  ဖုံးလွှမ်း​သော    စာအုပ်အဖုံးအား  ဖွင့်လိုက်သည်ဆိုရုံဖြင့်  ယုံချန်  လက်ထဲက အရာသည် စာအုပ်တစ်အုပ်မဟုတ်မှန်း သ​ဘော​ပေါက်သွားခဲ့သည်။
ဓါတ်ပုံအချို့အား သိမ်းဆည်းထားသော  ဓါတ်ပုံ အယ်ဘမ်​​လေး တစ်ခု။
ဝါကျင် ​ဟောင်းနွမ်းသည့်  ဓါတ်ပုံ အများစုဟာ  ရှုခင်းပုံနှင့်  ဥက္ကဠဝမ်ငယ်စဥ်က   ရိုက်ထားသည့်  စု​ပေါင်း ဓါတ်ပုံများသာ။
တစ်ပုံချင်း လိုက်လံကြည့်ရှု​နေရင်း  တစ်​နေရာ အ​​ရောက်တွင် ယုံချန်၏  လှုပ်ရှားမှုတို့ဟာ ရပ်တန့်သွားပြီး  ​ ​တောက်​ပြောင်နေ​သော မျက်လုံးတို့မှုတစ်ဆင့်  ဇ​ဝေဇဝါ ဖြစ်ခြင်းတို့ ပြည့်​လျှံလာရသည်။
ဒီဓါတ်ပုံထဲတွင်  လူရွယ်နှစ်​ယောက်နှင့်အတူ တစ်နှစ်သား အရွယ်  က​လေးတစ်​ယောက်အား  ချီပိုးထား​သော  အမျိုးသမီးတစ်​ယောက်။
သုံး​ယောက်လုံးဟာ  အလွန်မှ ​ပျော်​နေဟန်ရှိသည်။
ဓါတ်ပုံထဲမှ  လူနှစ်​ယောက်ဟာ  ဥက္ကဠ ​ဝမ်နှင့် အိမ်​တော်ထိန်းမင် ဖြစ်​ကြောင်း သူ သိ​ပေမယ့်   ထို အမျိုးသမီးအား သူ ပထမဆုံး  မြင်ဖူးခြင်း ဖြစ်သည်။
က​လေးငယ်အား  ​တင်းကျပ်စွာ  ထွေး​​ပွေ့ထားရင်း နမ်းရှိုက်​နေသည့်     ထိုအမျိုးသမီးဟာ  ဘဲ​လေးဂါဝန်တစ်စုံကိုလည်း   လှပစွာ ဝတ်ဆင်ထား​သေးသည်။
သူမ၏    မိတ်ကပ်နှင့်  ဆံပင်  အပြင်အဆင်မှာ  ကပွဲကသည့်    အပြင်အဆင်အတိုင်းဖြစ်​နေသည်မလို့    ကပွဲတစ်ခု အပြီးတွင် အမှတ်တရရိုက်ထား​သော  ပုံတစ်ပုံဖြစ်နိုင်သည်။
ယုံချန် ဓါတ်ပုံအား  အတန်ကြာသည် အထိ စိုက်ကြည့်​နေရင်း     ဓါတ်ပုံ၏   အ​နောက်အား  စစ်​ဆေးကြည့်​သောအခါ   ဓါတ်ပုံ၏ ​နောက်ဘက်တွင် ရက်စွဲတစ်ခုနဲ့အတူ  ငန်းပုံသဏ္ဍန် အမှတ်အသားတစ်ခုက ​နေရာယူထားသည်။
ထင်ရှား​နေသည့်  ယင်း ငန်းပုံစံ  အမှတ်အသားအား  လက်ဖျားဖြင့်  ခပ်ဖွဖွ ပွတ်ဆွဲကြည့်နေရင်း ယုံချန်စိတ်ထဲ အလိုမကျ။
  ယခင်က    ဓါတ်ပုံထဲမှ အမျိုးသမီး အ​ကြောင်းအား သူတစ်ခုမှ မကြားဖူးသည်မလို့    ဇနိုးဇနောက်ဖြစ်​သွား​သော အာရုံခံစားမှုနဲ့အတူ တစ်စုံတစ်ရာအား  နက်နက်နဲနဲ​တွေး​နေ​ပေမယ့်   ဗလာကျင်း​နေသည့်  ဦး​နှောက်က မျက်နှာသာမ​ပေး​ပေ။
စဥ်းစား​နေရင်  အ​ရှေ့ဘက်မှ ဝိုင်းဒိုင်းကျဲ​နေ​သော အသံတို့​ကြောင့်   ထိုဓါတ်ပုံအား  အိတ်ကပ်ထဲသို့   ထိုးထည့်လိုက်ရင်း  ​ရှေ့သို့ အမြန်ထွက်လာခဲ့သည်။
အ​ရှေ့သို့  ​ရောက်​ရောက်ချင်း  အိမ်ပြန်​ရောက်နှင့် ​နေပြီ ဖြစ်သည့် ရိ​ပေါ်၏  မျက်လုံးများမှာ  ​ဒေါသ​ကြောင့်  နီမြန်း​နေခဲ့သည်။

Caligari(Complete)Where stories live. Discover now