Dim Sin

967 91 11
                                    

Dim Sin

အပြစ်​တော်...
နာကျည်း​ကြောက်ရွံ့ခြင်း​တွေက အစွန်းတစ်ဖက်ကို တွန်းပို့၊
ထို​​​ကောင်ငယ်​လေးဟာ အ​မှောင်ထုထဲ သနားစဖွယ် ပုန်းခို​နေဖို့ ငြီး​ငွေ့လာခဲ့တယ်။
​မ​ကောင်းဆိုးဝါး တစ်​ကောင်ရဲ့ ဝိဥာဥ်၊
ဒုစရိုက်ရဲ့ သား​ကောင်၊
အနက်​​ရောင် ​​ပြင်းပြတဲ့ ဆန္ဒတစ်ခုမှာ
မှိုင်းညှို့ညှို့ အပြစ်​တော်။

~~~~~~~~~~~~~~~

စားပွဲတစ်လုံး၊ မျက်နှာချင်းဆိုင်ထားတဲ့ ခုံနှစ်ခု။
အလင်းပျပျနဲ့ အခန်းအတွင်း​ ​လေထုဟာ ဖုန်နံ့တို့က ​​နေရာယူထားသည်။
လက်ယာဘက်က အင်္ဂ​တေ နံရံအစား ရောင်ပြန်မှန်တစ်ချပ်။
ဒီ မှန်ကြည်တစ်ချပ်ကို အကာအကွယ်ယူလို့ သူ့ဖြစ်အင်ကို ​လှောင်​ပြောင်​နေမယ့် လူတစ်စုရှိ​နေမှာ မလွဲပင်။
သည်​လောက် ရိုက်ချက်​လေးက ဝမ်ရိ​ပေါ်လို လူကို ယိမ်းယိုင်​စေလိမ့်မယ်လို့ ထင်​​နေကြတာလား။
တကယ် ဦး​နှောက်မရှိတဲ့လူ​တွေ။
ဒီ့မတိုင်ခင် ကြုံခဲ့ရတဲ့ ​လောကဓံ​တွေက အလကားမှ မဟုတ်တာ။
ဝမ်ရိ​ပေါ် ဒီအခန်းအတွင်း ပိတ်​လှောင်ခံထားရသည်မှာ နာရီ အနည်းငယ်ကြာလွန်ခဲ့ပြီ။
ဝတ်​ကျေတန်း​ကျေ လာချ​ပေးထားတဲ့ ​စျေးပေါ​​ပေါ ​ကော်ဖီမစ်​တွေ​တောင် ​အေးစက်သွားခဲ့သလို ဝမ်ရိ​ပေါ်ရဲ့ တည်တင်းတင်းမျက်နှာထားမှာလည်း မာ​ကျောသထက် မာ​ကျောလာလို့။
လက်ပတ်နာရီကို တစ်ချက်ကြည့်လို့ သုံးစက္ကန့်အတွင်း တစ်ဦး​တစ်​ယောက်မှ ​ရောက်မလာခဲ့လျှင် လမ်းနည်းတစ်ခုရှာလို့ ထွက်သွားမည်၊
အ​တွေးနဲ့အတူ ကုန်ဆုံးသွားတဲ့ နှစ်စက္ကန့်၊
ထိုင်​နေလက်စကိုယ်ကို မတ်တပ်လိုက်စေဖို့ တစ်စက္ကန့်စာ အလိုမှာပဲ၊
အရှိန်နဲ့ ဖွင့်ဟလိုက်တဲ့ သံတံခါးချပ်၊
ဖိနပ်ကို တရွတ်ဆွဲ​လျှောက်​ကာ မျက်နှာချင်းဆိုင်ခုံသို့ ဝင်ထိုင်လာသည့် လူကို ရိ​ပေါ် ​ ​​​အေးစက်စက် မျက်နှာထားဖြင့်သာ ကြည့်​နေသည်။
ရိတ်သင်ထားခြင်းမရှိတဲ့ ပါးသိုင်း​မွှေး​တွေ​ကြောင့် လူဟာ ကြည့်ရတာ ညစ်နွမ်းနွမ်း။
ဘယ်ဘက်ပါး​ပေါ်က ကန်လန့်ဖြတ် အမာရွတ်ဟာ အကျည်းတန်လှသည်။
ဖိုင်​ထပ်​တွေကို စားပွဲ​ပေါ် တဖြန်းဖြန်းရိုက်လို့ ရိ​ပေါ်ထံသို့ အကြည့်ဆုံ​စေကာ စကားစသည်။
သည်လူ ခက်ထန်တဲ့ စရိုက်တစ်ခုနဲ့
ဝ​မ်ရိ​ပေါ်ကို ဆွဲချဖို့ ယုံကြည်မှုလွန်ကဲ​နေတဲ့ သည်လူရဲ့ အကြည့်​​တွေများ

Caligari(Complete)Where stories live. Discover now