Taste of Tear

556 55 5
                                    

Unicode
Taste of Tear

​ဒေါမနသ....
အပူတပြင်း ​ဝေဒနာတို့​က အရင်းခံတယ်။
မည်း​မှောင်​နေ​သော တိမ်သား​တွေ ၊ 
ခနအကြာမှာ 
ငါ့မျက်နှာ​ပေါ် ရွာသွန်းလိုက်တဲ့  မိုးစက်​တွေက  မျက်ရည်​တွေကို သန့်စင်​ပေးဖို့ ကြိုးစား​နေပုံပင်။
ရူးသွပ်မှုကို ပြသဖို့ ငါဟာ  မိုး​ရေ​​တွေထဲ ရပ်​နေခဲ့တာ နာရီ​တွေသာ ကုန်ဆုံးခဲ့တယ်။
မိုးခြိမ်းသံ​တွေကြား  ငါ့ရဲ့ ​သွေးသားဟာ တစ်​ယောက်တည်း ​ကြောက်လန့်​နေ​လေမလား  ဆို​တဲ့ အ​​တွေးက ငါ့ကို တစစီ ဆုတ်ဖြဲလို့။
မျက်ရည်၏  အရသာ   ​
​နှလုံး​​သွေးကို စ​တေးရ​သော ​ဝေဒနာနှင့်  ညီ၏။

~~~~~~~~~~~~~~~~~~~~

ရိ​ပေါ်၏  အခန်း တံခါးကို ​​စော​စောစီးစီး   ​ခေါက်လို့ မနက်စာ အသင့်ဖြစ်ပြီ ဖြစ်​ကြောင်း  အသိ​ပေးလာသည့်   အိမ်​​တော်ထိန်း မင်၏  မျက်နှာက  အရင်​နေ့​တွေကထက်  ပို၍ ပြုံးရွှင်​နေပုံ​ပေါ်​နေသည်။
ပါး​ပေါ်ရှိ  အ​ရည်အ​ကြောင်းများ   တွန့်​ခေါက်​နေသည်အထိ  တပြုံးပြုံး  ဖြစ်​နေသည့်  အိမ်​​တော်ထိန်းကြီး​ကြောင့်  ရိ​ပေါ်က သင်္ကာမကင်း  ကြည့်​နေမိသည်။

"ဝမ်းသာစရာ ကိစ္စတစ်ခုခုများ ရှိ​နေတာလား"

​မ​နေ့ညက အိပ်​ရေးပျက်ထားတာ​ကြောင့်  မှန်ကုပ်ကုပ်ဖြင့် ကုတင်​ပေါ် ထိုင်​​နေရင်း ​မေးမိ​တော့ 
စိတ်လိုလက်ရ ရိ​ပေါ်ဝတ်မည့်  အဝတ်အစားများအား ​ရွေးချယ်​ပေး​နေသည့်  အိမ်​တော်ထိန်းကြီးက  ရိ​ပေါ်အနီးသို့ ​လျှောက်လာသည်။


" ဒီ​နေ့  ရာသီဥတု​လေးက ​ကောင်း​တော့  ဒီအ​ရောင်​လေးနဲ့ ​လိုက်​လောက်တယ်။
သခင်​လေး     အဝတ်​လဲပြီး သွားရင် ဆင်းလာခဲ့ပါ  ။
မနက်စာ အသင့်ဖြစ်ပါပြီ။"


အရင်​နေ့​တွေကနဲ့  မတူညီစွာ​   သာလွန်​သော အပြုံးတို့ဖြင့်  အခန်းအပြင်ပြန်ထွက်သွားသည့်  အိမ်​​တော်ထိန်းကြီး​ကြောင့်    ရိ​ပေါ်  န​ဝေတိမ်​တောင်  ​​ကြောင်​ငေး​နေရာမှ   အခန်းပြတင်းတံခါး ထံတွင် ခိုတွဲ​နေဆဲဖြစ်သည့်  မိုး​ပေါက်များကို  တဆက်တည်း
ကြည့်လိုက်ရင်း​ ​​ဤ မူမမှန်အ​ပေါ် မနှစ်မြို့စွာ။

Caligari(Complete)Where stories live. Discover now