Culprite

954 88 12
                                    

Culprit

စိတ်ရဲ့ အ​မှောင်ထုဟာ ကူးစက်​ရောဂါလို   ​ပျံ့နှံ့သွားသည်။
စွဲချက်​တွေနဲ့  လွှမ်းခြုံသွားတဲ့ ဝိဥာည်၊
မုသား​တွေ  ဝါးမြိုသွားလိုက်တာ  အမှန်တရားတို့   ကျဆုံးခန်းတိုင်တဲ့အထိ။
တစ်စုံတစ်​ယောက်
ဆန္ဒရှိရင်   ယုံကြည်​ပေးပါ...
ငါဟာ အပြစ်မဲ့တဲ့  တရားခံ ။

~~~~~~~~~~~~~

​အလုပ်ချိန်​ကျော်လွန်သွားပြီးမလို့  အ​မှောင်ချလိုက်သည့်   အ​ဆောက်အအုံအတွင်းမှ     အလျှိုလျှို   ထွက်လာကြသည့်   အိမ်ပြန်ဖို့ တက်​ကြွ​နေကြ​သော  အကသမားနဲ့  ဝန်ထမ်း​တွေ။
လုံခြုံ​ရေး ကင်မရာက​နေ  လူအုပ်ကြီးကို  ​စောင့်ကြည့်​နေတဲ့  ည​စောင့် ဦး​လေးကြီးက   အ​ဆောက်အအုံအတွင်းရှိ လူ​တွေအားလုံး ကုန်သွားမယ့် အချိန်​လောက်ထိ  ​ကော်ဖီမစ်တစ်ထုတ်ကို ​ဖျော်​သောက်ရင်း   ခန​လောက် ​စောင့်သည်။
​တ​ရွေ့​ရွေ့ ကုန်ဆုံးသွားသည့် အချိန်​တွေမှာ  ငိုက်မြည်းချင်သလိုလာတာမလို့   ​  တာဝန်ကျ ည​စောင့်က   ဓါတ်မီးတစ်လက်  ထိုးရင်း  တစ်လွှာချင်းစီက  အကခန်း​တွေအား   လိုက်စစ်​ဆေးခြင်းအမှုကို  သာမန်​နေ့​တွေထက်​စောလို့ စတင်သည်။

"​စော​စောပြီး ​စော​စော  အိပ်လို့ရတာ​ပေါ့ကွာ"

တိတ်ဆိတ်ငြိမ်သတ်​နေသည့်  အခန်း​တွေအတွင်းကို  ဟိုဟိုဒီဒီ ဓါတ်မီးဖြင့်ထိုးကား  စစ်​​ဆေး​နေရင်း   တတိယ​မြောက်  အခန်းထိ      သာမန်ကာ လျှံကာ   ဖြတ်​လျှောက်ခဲ့​ပေမယ့်   စတုတ္ထ​မြောက်အခန်းနား   မ​​ရောက်ခင်   နားထဲသို့ အလုံးအရင်း  ဝင်လာသည့်  ​ခြေသံလို  တရှပ်ရှပ်​ဖြတ်​ပြေး​နေသည့်  အသံကြောင့်   အိပ်ချင်​စိတ်တို့ဟာ အ​ဝေးသို့  ​မောင်းထုတ်ခံလိုက်ရသည်။
ယိုင်တိုင်တိုင်​ခြေလှမ်းတို့ဟာလည်း တသမတ်တည်း ရပ်တန့်သွားရပြီး  ဓါတ်မီးအား  ဆုပ်ကိုင်ထားသည့်လက်မှာ တုန်ရင်လာသည်။
ထိုအခန်းနားသို့   နီးကပ်လာ​လေ   ကြမ်းပြင်​ပေါ်  ရှပ်တိုက်​ပြေး​လွှားနေသည့်  ​ခြေသံ​တွေက  ပိုကျယ်​လောင်​လောင်လာ​လေ​။ လျှောက်လမ်း​ပေါ်   တ​ပြေညီကျ​ရောက်​နေသည့်  ဓါတ်မီး အလင်း​​ရောင်ကို     ဦးတည်ရာမရှိ  တောင်​ရောက် ​မြောက်​ရောက် ​​လျှောက်ထိုး​နေရင်း   အခန်းပြတင်း​မှန်နားသို့ တိုးကပ်လိုက်ကာ  အခန်းအတွင်းထဲသို့ မဝံ့မရဲ  ကြည့်လိုက်မိသည်။

Caligari(Complete)Where stories live. Discover now