Lullaby

960 107 6
                                    


Lullaby

'တိုးသဲ့သဲ ဆိုညည်းသံ။
သမုဒ္ဒရာ ပဲ့တင်ထပ်သလို
မျက်ဝန်း​တွေကို မှေးမှိတ်​စေ​ပေမယ့်
သား​ချော့​တေးတိုင်းက အိမ်မက်လှလှ မက်​စေဖို့ မဟုတ်ဘူး။
ဆူးတိမ်တိုက်​တွေ​ပေါ်မှာ ကခုန်လို့
ရုန်းမထွက်နဲ့ ​
​နောက်​​တစ်နေ့ မိုး​သောက်မနက်။'

~~~~~~~~~~~~~

ချိန်းဆိုထားတဲ့ အချိန်ထက် ​​အတော့်ကို ​နောက်ကျ​နေပြီ မလို့ ​ရှောင်းကျန့် ဝရုန်းသုန်းကားဖြင့် ​တွေ့ဆုံကြမည့် ဆိုင်သို့ ​ပြေး လာ​မိ​​​ပေမယ့် မိမိအား ​စောင့်​​​နေရမည်ဟု ထင်ထားသည့်လူမှာ ယခုထိ ရောက်​မလာသေး​ပေ။


"တစ်ဆိ​တ်​လောက်ပါဗျ။
ချန်မျိုးရိုးနဲ့ book တင်ထားတဲ့ အခန်းများရှိလားမသိဘူး။"

ခပ်ကျဲကျဲထိုင်​နေကြတဲ့ အပြင်ကခုံ​တွေမှာ ​ရှောင်းကျန့် မိမိအား ချိန်းဆိုထားသည့် အမှုသည်အား မ​တွေ့ရတာမလို့ reception သွား​မေးမိ​တော့ booking တင်သူ စာရင်းအား စစ်​ပေး​နေသည့် ​ကောင်မ​လေးက ခနအကြာမှာ စာရင်းမရှိ​ကြောင်း ငြင်းဆိုသည်။

ဖုန်းဆက်ပြီး အကျိုးအ​ကြောင်း လှမ်း​​မေးဖို့ ကြံရွယ်လိုက်​ပေမယ့် အချိန်ကိုက် မြည်လာသည့် ဖုန်း​ကြောင့် ​ရှောင်းကျန့် အလျှင်စလို ကိုင်လိုက်မိသည်။

"ဟယ်လို Mr. ချန်၊
အာ အိမ်​တော်ထိန်းကြီးလား"


Mr. ချန် ​ခေါ်ဆိုလာတဲ့ ဖုန်းထင်တာ​ကြောင့် ဖုန်းနံပါတ်​တောင် မစူးစမ်းမိပဲ ​ရှောင်းကျန့် ​လောကွတ်ပြုလိုက်မိ​​​ပေမယ့် တစ်ဖက်မှ ထွက်​ပေါ်လာတဲ့ အသံဟာ သိပ်မကြာခင်ကမှ ​တွေ့ဆုံခဲ့ကြသည့် အိမ်​​တော်ထိန်းကြီး ဖြစ်​နေတာ​ကြောင့် ​ ရှိုးတိုးရှန့်တန့်ဖြစ်သွားရသည်။။


"ဘယ်လိုဖြစ်တာလဲ။
ကျွန်​တော်လာခဲ့မယ်​လေ။
ကုမ္ပဏီက ဘယ်နားလဲ?"


အ​လောကြီး​နေဟန်ဖြင့် အိမ်​တော်ထိန်းကြီးဟာ စကားလုံးတို့အား ဇယ်ဆက်သလို အလျှင်အမြန်​ပြောသွားသည်။

Caligari(Complete)Where stories live. Discover now