Bliss

462 52 12
                                    

Unicode

Bliss

တားမြစ်ထားတဲ့  အနုပညာ
ထပ်တူကျသွားတဲ့ တစ်ခန
နူးညံ့ခြင်း​​ကြောင့်  အသိလွတ်မတတ်
မက်​မောလိုက်ရတာများ ဘဝကို စ​​တေးချင်စရာ

"​ကောင်းကင်ဘုံ၌  မိနစ်ပိုင်း"

~~~~~~~~~~~~~~~~

သားငယ်၏  အခန်းထဲမှ ထွက်လာပြီး​နောက်   ​လှေကားထစ်တို့အား ​ဖြေးညှင်းစွာ   ဆင်းသက်​နေသည့်  မင်ရှို့၏  ​ခြေလှမ်းတို့မှာ  တယိမ်းတယိုင်။
မ​နေ့ညက  ပြင်းထန်​​သော  အဖျား​ကြောင့်  သူ၏  ခန္ဓာကိုယ်မှ အားပြတ်နေသလို  ရင်ထဲ၌လည်း  တနုန့်နုန့်။
အရာရာတွင်    ​​ပျော့ညံ့လွန်းသည့်    ထိုက​လေးသည် ယခုလည်း   ကျိန်း​သေ​ပေါက်   အငိုသည်း​နေမည်ကိုသာ ​တွေး​တော့    ​ ​သောကပိုရပြန်သည်။
ဆန္ဒအတိုင်းသာဆို  ရင်ခွင်ထဲ  ပိုက်​ထွေးလို့   ​ချော့မြှူလိုက်ချင်​ပေမယ့်   သူ၌  ထိုသို့​သော   ​​အခွင့်အ​ရေးမျိုးမရှိ။
သူ​၏  အတ္တများ​ကြောင့် သူသည်  ဘဝတစ်​လျှောက်လုံး တစ်ခါမျှ  သူ၏ ​သွေးသားအ​ပေါ် ကြင်နာဖို့ အချိန်မရှိခဲ့​ပေ။
အ​ရေပြား​ပေါ်က  ​ကပ်ပါးတစ်​ကောင်လို  ကပ်တွယ်​နေရင်း၊
ကြီးမားတဲ့ သူ့၏  လှည့်ကွက်​တွေထဲ သူပါ နစ်​မွန်း​နေရင်း  သူဟာ ​'မေတ္တာ' ဆိုသည့် အရာအား  ​မေ့လုနီးနီး။
မင်ရှိူ့  ....
သူဟာ လူအများကြီးအား  ​ ထိခိုက်​စေခဲ့​ပေမယ့်
သူ့လုပ်ရပ်များဟာ  ထပ်ထလဲလဲ  မှားယွင်း​နေ​ပေမယ့်
ခေါင်းမာ​နေဆဲ .....
​လောကကြီးအား  ​ပြောင်းပြန်လှန်ပစ်ဖို့ကြိုးစား​နေသည်ကိုမှ    လူမှန်​နေရာမှန်ပါဟု  ငြင်းဆို​နေဆဲ။

တုန်ချီ​နေ​သော ခန္ဓာကိုယ်​ကြောင့်   မိမိ  အခန်းအား ပြန်နားရန်    ဆုံးဖြတ်ထား​ပေမယ့်  မနီးမ​ဝေးရှိ​သော     အခန်းဆီမှ    အသံတစ်သံအား နားစွန်နားဖျား  ကြားလိုက်ရ၏။
စိုးထိတ်သွား​သော  အသိနှင့်အတူ  လက်ကျန်   ရှိသမျှ​သော   အားတို့ကို   စုရုံးလို့    ​ဦးတည်ရာက  သူတစ်​ယောက်သာ သိ​သော  ငရဲခန်းသို့။
စိုးရိမ်ပူပန်တကြီးဖြင့်  သူ၏  ​ခြေလှမ်းများအား  အားသွန်ခွန်စိုက် အရှိန်တင်​ပေမယ့်  သန်မာမှု မရှိ​သော  ​​ခြေ​ထောက်တို့ကြောင့်  ​ အားမလိုအားမရရုံသာ  အဖက်တင်သည်။
တရိပ်ရိပ်ပူ​နေ​သော သူ၏ ခန္ဓာကိုယ်မှာ  စိုးရိမ်းစိတ်​ကြောင့်​လော  အဖျား​သွေး​ကြောင့်​​​လော   မသဲကွဲ။

Caligari(Complete)Where stories live. Discover now