Prince Siegfried

531 54 4
                                    

Unicode

Prince Siegfried: In love with Odette


သူမကို  သိပ်ချစ်ခဲ့တယ်  နှလုံးသား တစ်ခုလုံးနဲ့ ။
လရိပ်​ခြုံတဲ့ ထိုည၊
ကန်​ရေပြင်​အောက်  ငြိမ်သက်သွားတဲ့  သူမ​နောက်  တုန့်ဆိုင်းခြင်းမရှိလိုက်သွားပါရ​စေ။
သူတို့ဟာ   ကြမ္မာဆိုး​တွေကို  ရပ်တန့်ပစ်လိုက်ဖို့  ​မေတ္တာစစ်မှန်ရုံနဲ့မရမှန်း  သ​ဘော​​ပေါက်သွားတဲ့အခါ    အသက်ချင်း  အလဲအထပ် လုပ်ခဲ့ကြတယ်။

~~~~~~~~~~~~~~~

မီးအိမ်မှတစ်ဆင့် ဖြာကျ​နေတဲ့  ဝါ​ကျင်ကျင်  မီး​ရောင်က    စားပွဲ​ပေါ် သို့ ​    သိမ့်​မွေ့စွာ သက်ဆင်းသည်။
မီး​ရောင်အောက်     ​သွေးမရှိ​သလို  ​ဖျော့​တော့​နေသည့်  မင်ရှို့၏  မျက်နှာမှာ  အ​ကြောက်တရားတို့ ကိန်း​အောင်း​နေ၏။
အံဆွဲအား  အသာဆွဲဖွင့်လိုက်​တော့  ​ခေါက်ရိုးကျိုး​နေသည့်  ဓါတ်ပုံ​လေးတစ်ပုံက  အလိုက်သင့်  မြင်ကွင်းထဲ  ​ရောက်လာသည်။
ကာလ၏  တိုက်စားမှု​ကြောင့်   ​ဆေး​ရောင် ​​မှိုန်မှိုန်သာ ကျန်​တော့​ပေမယ့်   သူတို့သုံး​ယောက်လုံး၏ အပြုံး​တွေက​တော့  ထင်ရှား​နေဆဲ။
မှတ်မှတ်ရရ  ထိုဓါတ်ပုံဟာ ​မေယွဲ့   ပထမဆုံးပွဲဦးထွက်ခွင့်ရသည့်  ​နေ့တွင်  သူတို့သုံး​ယောက်   ​စုရိုက်ခဲ့ကြသည့်  ပထမဆုံး  ဓါတ်ပုံပင်။
​မေယွဲ့၏  ​တောက်ပသည့်  အပြုံး​တွေနဲ့အတူ  သူတို့  နှစ်​ယောက်လဲ  ထို​နေ့က သိပ်ကို  ​ပျှော်ရွှင်ခဲ့သည်။
မင်ရှို့၊ဝမ်ဟန်နှင့်  ​မေယွဲ့   သူတို့  သူငယ်ချင်း​သုံး​ယောက်သည်     ထို​ခေတ်ထိုအခါက  ဘဲ​လေး​​​လောက၌   အ​ကျော်အ​မော်များ ဖြစ်ခဲ့ကြသည်။
​မေယွဲ့သည်     ထိုမျိုးဆက်၏  အလှပဆုံး  ငန်ဘုရင်မဖြစ်ခဲ့သလို   သူမ၏  ကပွဲတိုင်းတွင် Cello တစ်လက်နှင့်အတူ    အ​ပြောင်​မြောက်ဆုံး ​​တေးသွားတို့အား  ချပြနိုင်ခဲ့သည့်   မင်ရှိူ့၏  ​အောင်မြင်မှုမှာလည်း   သူမနှင့်  ထပ်ချက်မကွာ။
ထိုသံစဥ်တို့အား  ဖန်တီးသူမှာ​တော့  ဝမ်ဟန်ဆိုသည့်  သူတို့၏  သူငယ်ချင်း။
စင်​ပေါ်တွင်   သူတို့နှစ်​ယောက်ဟာ  ဝမ်ဟန်  ဖန်းတီးသည့်   သံစဥ်​တွေကို  တီးခတ်ရင်း   ​ပျော်ရွှင်စွာ   ကခုန်ခဲ့ဖူးကြ​ပေမယ့်  ဝမ်ဟန်က​တော့  စင်​​နောက်မှသာ  ​ငေးကြည့်​လေ့ရှိသည်။
​နောက်ပိုင်း  သူတို့သည်  ဝမ်ဟန်အား  ချန်လှစ်ရခြင်းကို  ​နေသားကျလာကြပြီး ​
သူငယ်ချင်းဖြစ်သူ၏  ခံစားချက်အား     သတိမထားမိသည်အထိ  ​  အောင်မြင်မှု​တို့ကြား  တအား  နစ်​မျောမိခဲ့ပုံပင်။
အတိတ်အား    လွန်ဆွဲ​သွားပြန်သော  အ​တွေး​တို့ကြောင့်  မင်ရှိူ့   စိတ်မသက်မသာဖြင့်     သက်ပြင်းသာ  အခါခါ  ရှိုက်မိ​တော့သည်။
အက်ရာထင်း​နေသည့်   မျက်မှန်အား  ​ဘေးသို့အသာ ချထားလိုက်ရင်း   သူ၏  မျက်ဝန်းတို့အား  မှိတ်ထားလိုက်​၏။
  ရင်ဘက်မှာ   ဆူး၍  ​အောင့်​နေ​သော  ​ဝေဒနာအား    ကြိတ်မှိတ်ခံ​နေရင်း  သူဟာ  ​ကြောက်မက်ဖွယ်  အ​မှောင်ထုထဲ စုန်စုန်ပါ​​​အောင် ​မျှော်လွင့် ခဲ့ရပြန်သည်။
အတိတ်ဓါတ်ပြား​လေး   သံသရာဝင်ရိုး​ပေါ်လည်​နေသ၍  သူလည်း    အိမ်မက်ဆိုး​​တွေကြား  လွတ်လမ်းရယ်မရှိ။

Caligari(Complete)Where stories live. Discover now