Hide amd Seek

812 74 6
                                    

Unicode

Ding...Dong...
မင်း ငါရဲ့ ​အော်ဟစ်သံ​တွေကို ကြား​နေရမှန်းငါသိပါတယ်။
တံခါး​လေးဖွင့်လို့  မကြိုဆိုလှည့်​တော့ဘူးလား။
ငါတို့ အရင်ကလို  စိတ်ဝင်စားစရာ ကစားနည်း​လေးတစ်ခု ကစားကြမယ်​လေ။
Ding...Dong...
စင်္ကြန်တစ်​လျှောက် ​ခြေသံ​တွေကို ကျယ်​လောင်စွာ​ကြား​နေရတယ်။
မင်းရဲ့ အ​ကြောက်တရား​တွေကို  ဝမ်းသာစွာ ခံစားမိတယ်​။
အခုမှ ထွက်​​ပြေးမယ်ဆိုရင် လွတ်​မြောက်ဖို့ ​နောက်ကျသွားခဲ့ပြီ။
ပြတင်း​ပေါက်ဆီကို အလန့်တကြား​ကြည့်​နေတဲ့ မင်း။
ငါတို့ အခု​လေးတင်ပဲ အကြည့်ချင်းဆုံ သွားခဲ့ပြီ။
တူတူပုန်းတိုင်း ကစား​နည်း​
ငယ်စဥ်ကတည်းက အကျွမ်းတဝင် ရှိခဲ့တယ်။
ပုန်းကွယ်ရင်း ပုန်းကွယ်ရင်း  မင်းကို  တစ်စုံတစ်​ယောက်မှ  မ​တွေ့နိုင်​တော့သည် အထိ။

~~~~~~~~~~~~~~~~~~

တရားရုံး​ အ​ဆောက်အအုံရှေ့   ကျယ်ပြန့်မတ်​​​​စောက်တဲ့  ​လှေကားထစ်​တွေကို  ရှောင်းကျန့်က   ခပ်သွက်သွက်​​ကျော်လွှားလို့  ဆင်းသည်။
လက်​မောင်းကြား  ​ပွေ့ပိုက်ထားသည့်  အထပ်လိုက်​သော ဖိုင်တို့မှာလဲ မနိုင်မနင်း။
​ခြေတံရှည်တို့ဖြင့်  တရိပ်ရိပ် ဖြတ်​ကျော်လာမိခဲ့သည့် ​​လှေကားထစ်တို့က သည်​နေ့မှ ပိုများ​နေသ​ယောင်။
​ကျောင်းတုန်းက ရင်းနှီးခဲ့သည့်  စီနီယာတစ်​ယောက်ထံတွင် အကူအညီ​တောင်းထား​သော  ဝမ်ရိ​ပေါ်၏  အမှုနှင် ပတ်သက်သည့် စာရွက်စာတမ်းများကို  ဒီ​နေ့ ရုံးချိန်းအပြီးတွင် စီနီယာက ​​ပေးလိုက်သည်မလို့ ​​ရှောင်းကျန့်လက်ထဲတွင် ​များစွာ​သော ဖိုင်တို့ဖြင့်။
အဆက်အသွယ် ​ကောင်း​တွေရှိသည့် စီနီယာက  ​ရှောင်းကျန့်တို့ သမာရိုးကျ လ​ပေါင်းရှည်ကြာစွာ စု​ဆောင်းထားသည့် အချက်အလက်​တွေထက် ပိိုသာ​သော အချက်အလက်​တွေကို  အချိန်တိုအတွင်း ရရှိနိုင်သည်။
ဝမ်ရိ​ပေါ်၏ အမှုနှင့် ပတ်သတ်၍  အရင်တာဝန်ခံ​ရှေ့​နေ လွှဲပြောင်း​ပေးခဲ့​သော အချက်အလက်တို့မှာ  ပြည့်ပြည့်စုံစုံ ဖြစ်​မ​နေခဲ့တာမလို့  ​ရှောင်းကျန့်  အ​တွေးများရပြန်သည်။
​​ယခု   ​​ရှောင်းကျန့် လက်ထဲတွင်  ဆုပ်ကိုင်ထား​သော  စာရွက်တို့ဟာ  ​ဝမ်ရိ​ပေါ် အပြစ်ကင်း​ကြောင်း  အ​ထောက်အထားတို့လဲ  ဖြစ်နိုင်သလို  လွဲ​ချော်စွာ  တရားခံဖြစ်​ကြောင်း ထင်ရှား​စေ​သော  အလီဘိုင် တစ်ခုအ​နေနဲ့  ဖြစ်သွားနိုင်သည်။
ထိတ်ခနဲ ပူပန်​သွား​ရ​သော စိတ်အစဥ်နဲ့အတူ  ရှောင်းကျန့် မိမိ​၏  လွန်လွန်ကျူးကျူး အ​တွေးများမှု​ကြောင့်  တင်းကျပ်စွာ ဆုပ်လိုက်မိ​သော  လက်သီးဆုပ်နဲ့အတူ  ပြစ်ဒဏ်အ​နေဖြင့် လက်သည်းစတို့ကို  လက်ဖဝါးအသားနုတို့  နာကျင်လာသည်အထိ နစ်ဝင်​စေလိုက်သည်။
ဝမ်ရိ​ပေါ်ဟာ တရားခံပါလို့  ​တွေးကြည့်ရုံနဲ့တင် ​ရှောင်းကျန့်ဟာ  မွန်းကျပ်ခြင်းနဲ့အတူ  မလိုလားအပ်သည့် ​ဒေါသတရားတို့​ကြောင့်  မြင်မြင်သမျှ အ​ပေါ် အပြစ်ပုံချမိပြန်သည်။
ကာယကံရှင် ကိုယ်တိုင်က တိတိကျကျ ဝန်ခံထားခြင်း မရှိ​​​သော  အမှုတစ်ခုဖြစ်တာ​ကြောင့်  ထင်မြင်ချက်ပင် ​ရေ​ရေရာရာ  သုံးသပ်မရ​​သေးသည့်အခါ  ​ရှောင်းကျန့်ရဲ့ တဇွတ်ထိုး ခံယူချက်တို့ဟာ  မိုက်ရူးရဲများ ဆန်​နေ​လေမလား။
လက်ရှိ သက်​​​သေ ​အ​​နေအထားအရ    ဝမ်ရိ​ပေါ်သာ တရားခံဖြစ်​ကြောင်း တစ်ဖက်ပိတ် လူတို့၏  အမြင်​တွေအ​ပေါ်  ​ရှောင်းကျန့်  သဘာဝလွန် ဖြစ်ရပ်တစ်ခုကဲ့သို့  ​မှော်ဂါထာ တစ်ခုကို သာ ရွတ်ဆိုလို့   အ​ခြေအ​နေတို့အား ​ပြောင်းလဲပစ်လိုက်ချင်​တော့သည်။
​ရှေ့​နေတစ်​ယောက်၏  ဝတ္တရားဆိုသည့်  အ​​ပေါ်ယံခြုံလွှာတစ်ခု​အောက် ပုန်းလျှိုးမိ​နေသည့် မရိုးရှင်း​တော့သည့်  ခံစားချက်တို့​ကြောင့် ​ ဒီရက်ပိုင်းအတွင်း သိပ်ကိုမှ ပင်ပန်းလှပါသည်။
မိမိကိုယ်ကိုကိုယ် ဆန်းစစ်ကြည့်မိတိုင်း  မ​ရေရာသည့်  ​ရလဒ်တို့နှင့်သာ ​ယောင်လည်လည်း ဖြစ်ရပြန်သည်။
ရိုးရှင်းစွာ အ​ဖြေထုတ်ကြည့်လျှင်  ဝမ်ရိ​ပေါ်ဘာ​တွေပဲ ကျူးလွန်ခဲ့ပါ​​စေ ​ရှောင်းကျန့်က    ကာကွယ်​ပေးရန်  ဆုံးဖြတ်ခဲ့ပြီးသား။
ဝမ်ရိ​ပေါ်ဟာ  အပြစ်များလွန်းသည့် ​  လူတစ်​ယောက်  ဖြစ်​​နေ​ပေသည့်တိုင်  သည်လို ရက်စက်သည်  ရာဇဝတ်မှုမျိုး​ဖြင့်တော့   မပတ်သက်​စေလိုပါ။
ဝမ်ရိ​ပေါ်ဟာ ဆိုးသွမ်း​လွန်း​သည်မှ မှန်​ပေမယ့်     အပြစ်ကင်းစင်​ကြောင်း  ​ရှောင်းကျန့်    အကြွင်းမဲ့ယုံကြည်သည်။
​အကယ်၍  ထိုလူသားဟာ  ကံအ​ကြောင်းမသင့်စွာ တရားခံဖြစ်ခဲ့ရင်​တောင်  ​ရှောင်းကျန့် တစ်ချက်မ​တွေ​ဝေပဲ  ဘဝတစ်​လျှောက်လုံး  သစ္စာခံလာခဲ့​သော   ဥပ​ဒေတို့အား ချိုး​ဖောက်ပစ်ဖို့ အထိ  သတ္တိရှိပါသည်။
ထက်မြက်သည့်  ဥပ​ဒေ​ကျောင်းသား  ရှောင်းကျန့်ဟာ  မှန်ကန်စွာ  ​ဖြောင့်မတ်တတ်ဖို့ သင်ကြားခဲ့ဖူး​ပေမယ့်    တစ်စုံတစ်​ယောက်သာဆို ချွင်းချက်မရှိ   ရဲရင့်စွာ  မိုက်ရူးရဲဆန်ကြည့် ချင်ပါသည်။
​​​သို့ပေမယ့်    ကာယကံရှင် ဝမ်ရိ​ပေါ်ဟာ  ​တရားခံအ​စစ်အကြောင်း​မေးမိတိုင်း   ပ​ဟေဠိလို  မျက်ဝန်း​တွေနဲ့ ​ငေးကြည့်တတ်တဲ့အခါ၊
တစ်ဖက်စွန်း​​ရောက်သွားသည့်  ယုံကြည်ချက်တို့အား  ဖွင့်ဟမိ​တော့  လှောင်ရိပ်သန်းသလို    အပြုံးမျိုးဖြင့် ပြုံးတတ်သည့် အခါ ​  ရှောင်းကျန့်ဟာ    ပုံစံအမှန်မသိ​​​လောက်​​အောင်ကို   ပုန်းလျှိုတတ်လွန်းသည့်  ဝမ်ရိ​ပေါ်၏    ကစားနည်း​တွင်  လွန်ဆန်နိုင်ခြင်းမဲ့ ခဲ့ရပြီး။

Caligari(Complete)Where stories live. Discover now