Villain

527 50 4
                                    

Unicode

Villain

ဇာတ်လမ်းတိုင်းမှာ   ရာဇဝတ်ကောင်ဆိုတာရှိစမြဲပဲ။
မင်းတို့ချစ်ခြင်း​တွေသာ    ဒဏ္ဍာရီပုံပြင်ဖြစ်ခဲ့ရင် ငါက ဗီလိန်ဖြစ်လိမ့်မယ်။
အဆုံးသတ်မှာ  မင်းတို့ မှတ်ဥာဏ်​​တွေထဲ    မ​ကောင်းတဲ့သူအဖြစ် ကျန်ခဲ့ရမယ့်   အရှုံးသမား​ပေါ့။
ကြေကွဲစရာ ပါပဲ။
ငါ  ချစ်ခြင်း  အနုပညာကို ကျွမ်းကျွမ်းကျင်ကျင် မအောင်မြင်ခဲ့ဘူး။
ဒါ​ပေမယ့်ကွယ်   အမြဲရှုံးတဲ့သူဖြစ်မယ်ဆိုရင်​တောင်  ၊
ငါက အဆုံးမှာ သေဆုံးသွားရမယ်  ဆိုရင်​တောင်
   ငါက မင်းကို ကယ်တင် နိုင်တဲ့သူပဲ ဖြစ်ရမယ်။
အပြစ်​ကြွေးတွေနဲ့  အနှိုင်းပိုင်းမိတယ် ဆိုရင်​တောင်​ပေါ့။

ငါတို့နှစ်ယောက်လုံးက ဒီဒဏ္ဍာရီထဲမှာ သိပ်ပျော်စရာကောင်းတဲ့အဆုံးသတ်ကို ဖန်တီးခဲ့တာမဟုတ်ဘူးပဲ။
နှစ်​​ယောက်ထဲက တစ်​ယောက်က​တော့  အပြစ်ရှိစိတ်​တွေနဲ့  အသက်ဆက်ရရှာမယ်။
ချစ်ရသူ​တွေကို  ​ပျော်ရွှင်​စေချင်တဲ့  ငါ့ပန်းတိုင်၊
အရာအားလုံး   ချုပ်ငြိမ်းသွားတဲ့အခါ ပရမ်းပတာပျောက်ကွယ်သွားသော မှိန်ဖျော့သောကမ္ဘာထဲသို့ ၊
ဗီလိန်......
အမုန်း​တွေလက်ခံဖို့    သတ်မှတ်ထားပြီးသား ဗီလိန်။

~~~~~~~~~~~~~~~~~~

ရိ​ပေါ်ရဲ့နှုတ်ဖျားမှ  ထွက်ကျသည့်     စကားတစ်ခွန်ဆီတိုင်းဟာ သူ့နှလုံသားအား  မ​တော်တဆ စိုက်ဝင်သွားသည့်  ဓါးချက်များ။
သူချစ်ရသူ အားလုံးဟာ   ဘာလို့ Onsra တစ်ခုတည်းကိုသာ မြင်ပြီး  ​မေတ္တာတရား​တွေကို    မမြင်ကြတာလဲ။
သူ၏ တစ်ဦးတည်း​သော ​သွေးသားဖြစ်သူ      ဖခင်​​ရော ၊ ချစ်ရသူ​ရော။
​​မေတ္တာတရား​တွေကို   ​သွေး​အေးစွာ   ​ကျောခိုင်းရတဲ့ အ​ကြောင်းပြချက်က  ​​လောဘတစ်ခု​တည်း​ကြောင့်ပဲလား။
ဘယ်ဟုတ်မလဲ  အတ္တ​တွေ မာ​န​တွေက  ဦး​ဆောင်တာ​ပေါ့။
စိတ်ရဲ့  ဒုစရိုက်​တွေ​လေ။

ယုံချန်  အတွက်​တော့  ဘဝတွင်  အမက်​​မောဆုံးအရာက  ​နွေး​ထွေးကြင်နာမှုသာ။
အာဏာနှင့်  ​ငွေ​ကြေးဟာ  လူ​တွေကို  ​လူသားမဆန်မှုအား    ​ဖြစ်​​စေမှန်း သူငယ်စဥ်ကတည်းက သ​​​ဘော​ပေါက်ခဲ့သည်​လေ။
ထိုသို့  သူ့၏ ရိုးရှင်းလှသည့်  အ​တွေး​တွေဟာ   အတ္တ​တွေရဲ့  အားပြိုင်မှုကြား  တိုးမ​ပေါက်။
သူ အငတ်မွတ်ဆုံး​​အရာဟာ  နွေး​ထွေးမှု​တွေ ဖြစ်​ပေမယ့်  သူ့​ဘေးနားက သူများကို​​တော့  အတတ်နိုင်ဆုံး​နွေး​ထွေး​စေခဲ့သည်။
သို့​ပေမယ့်   ပုထုစဥ်လူသားပဲ  တန်ပြန်မှုကို​တော့  ​​​မျှော်ကိုးတာ​ပေါ့။

Caligari(Complete)Where stories live. Discover now