Velvet Arc I

511 49 7
                                    

Uni

Velvet

​သွေးပြန်​ကြောထဲ ပြည့်လျှံ​နေတဲ့ စိတ်ကြွရူးသွပ်မှု
တစ်စက်မကျန် ​ဖောက်ထုတ်ပစ်ရင်​တောင်  အတ္တကိုယ်ထည်တစ်ခု ကျန်ရစ်ခဲ့လိမ့်မည်။
​သွေးစတို့ဖြင့် ရက်လုပ်​သော နီညို​ရောင် ကတ္တီပါ
အဘယ်​ကြောင့် သူဟာ ​သွေးညှီတို့ဖြင့် ဖုံးလွှမ်းသွားပါသနည်း။

~~~~~~~~~~~~~~~~~

တရားရုံးအတွင်း  လူထုက  တကယ့်ကိုမှ ကြိတ်ကြိတ်တိုး။
လူတို့၏ ​​ကောင်းခြင်းဆိုး​ခြင်း​ အ​ကြောင်းအရာ​တွေအ​ပေါ် အင်မတန်ကိုမှ   စပ်စုချင်တတ်ကြသည့်စရိုက်ရှိ​တဲ့    လူ​​တွေဟာ ကိုယ်ပိုင်အချိန်​တွေကို​တောင်   စ​တေးပစ်လိုက်တဲ့အထိ စွန့်စားကြသည်။
အ​ကျော်အ​မော်တစ်​ယောက်ဖြစ်တဲ့  ဝမ်ရိ​ပေါ်ရဲ့  တရားခွင်ဟာ ပွဲ​တော် တစ်ခုအလား စည်ကား​နေတယ်။
ဝမ်ရိ​ပေါ်ရဲ့  ​အေးစက်မာ​ကြောမှု​အ​ကြောင်း ချဲ့ကား​ပြောဆိုသံ​တွေ။
မသိရ​သေးတဲ့ တရားခွင်ရဲ့  အဆုံးသတ်ကို တီးတီးတိုးတိုး  ထင်​ကြေး​ပေးသံ​တွေ။
တရားပြိုင်အား  ​စောင့်ဆိုင်း​​နေရင်း    မိနစ်အနည်းငယ် စွန်းလာရာမှ   နာရီဝက်ဆိုသည့် အချိန်တစ်ခုနား  နီးကပ်လာသည့် အခါ  တရားသူကြီး၏  မျက်နှာမှာ  ခက်ထန်လာသည်။
တာဝန်ခံ​ရှေ့​နေဖြစ်သူ  ​ရှောင်းကျန့်မှာသာ မျက်နှာပူပူဖြင့်  လည်တဆန်ဆန့် တံခါးဝကိုသာ ကြည့်​နေမိသည်။
မ​နေ့က  အချိန်အတိအကျ ၊ပြင်ဆင်ထားရမည့်  လိုအပ်သည့်  များကို   message  ​သေချာ ပို့ခဲ့သည့် အပြင်  အိမ်​တော်ထိန်းမင်ကိုလည်း  ဖုန်းဆက်ခဲ့သည်။
ဝမ်ရိ​ပေါ်မှန်ရင် တစ်ခုမဟုတ်တစ်ခု​တော့   က​မောက်ကမ ဖြစ်​အောင် လုပ်လိမ့်မည်မှန်း ခန့်မှန်းထား​ပေမယ့်  တရားခွင်အား နာရီဝက်တိတိ​နောက်ကျပြီးမှ လာလိမ့်မည်လို့​တော့ မထင်ခဲ့မိ။

"စည်းမျဥ်းအရဆို    တရားရုံကို အချိန်မှီ ​ရောက်ကို​ရောက်ရမှာပါ။
အခု လုပ်ရပ်က   တရာရုံးကို   မထိလေးစား လုပ်​နေ​တာပဲ"

​ရှောင်းကျန့်ကို စိုက်ကြည့်လို့  ​ဝေဖန်လိုက်သည့်  တရားလို ​ရှေ့​နေ တစ်နည်း   ၊
သူငယ်ချင်း ဖြစ်သူ  ယွမ်...။
ယွမ်၏  အ​ပြော​ကြောင့်  တရားသူကြီးရဲ့ မျက်နှာထားဟာ  ပိုလို့ ခက်ထန်လာသည်။
​အ​ခြေအ​နေတို့ မဆိုးရွားလာရင် ​ရှောင်းကျန့်ဟာ  သနာခံပြီး ထိန်းချုပ်ဖို့ ဆုံးဖြတ်လိုက်ပြီး။
တရားသူကြီးမင်းများ ရှိရာ ဦးတည်လို့  ဦးညွှတ်လိုက်သည်ဆိုရုံဖြင့်     နားထဲတွင် ကြားလိုက်ရ​သော    တံခါးဖွင့်သံ။
​ရှောင်းကျန့်  ​မျှော်လင့်တကြီး  ​လျှောက်လမ်းအား  ကြည့်လိုက်မိသည်။
နက်​မှောင်​သော ကတ္တီပါ ကုတ်အား ဆင်မြန်းထား​သော  ထိုလူသားဟာ  ။
​ကျော့ရှင်း​​သော ​ခြေလှမ်း​တွေ  ၊
​မောချီထား​သော  မျက်နှာထားမှာ အရှိန်အဝါတို့ ကိန်း​အောင်းသည်။
ရစ်မူး​စေ​သော ဝိုင်ချိုချိုနံ့ သင်း၏။
နတ်ဘုရား  ဝမ်ရိ​ပေါ်က​တော့   တရားရင်ဆိုင်တာ​တောင် ​ရေခဲသရဖူကို ဆင်မြန်းလို့   ပြင်းပြ​သော အာဏာစက်က တစ်​စက်မ​ပေါ့​လျော့သွား။
လူစု​လူ​ဝေးဟာ  ​ငေး​မောလို့  လှုပ်ရှားမှုတို့ ရပ်တန့်ကုန်သည်။
တရားသူကြီး၏     အကြည့်တို့က   ဝမ်ရိ​ပေါ် ကိုယ်​ပေါ်တွင် ဆင်မြန်းထား​သော  တစ်စုံတစ်ရာ​ပေါ်သို့ အ​ရောက်မှာ  ပြိုပျတ်သွားခဲ့သည်။
ထိုအခါ   နတ်ဘုရား၏ နှုတ်ခမ်းမှ ​ကွေးညွတ်သွား၏။
များပြား​သော ပရိယာယ်တို့​ကြောင့် မျက်ဝန်းတို့ဟာ ပ​ဟေဠိဆန်​နေခဲ့သည်။

Caligari(Complete)Where stories live. Discover now