Swan Lake

518 54 10
                                    

Unicode

Swan Lake

မင်းဟာ  ​ရေငယ်ကန်
ကြယ်တစ်ပွင့်
လတစ်စင်း။
Ethereal ဂီတ၏ စိတ်ဝိညာဉ်တေးသွား ၊
ရေခဲလွှာ  ရစ်သိုင်းထားတဲ့    ငန်းမင်းသမီး ၊
ချစ်​ရသည်ထက်ပိုတဲ့  ရင်နင့်သည်းခြာ၊
သေခြင်းတရား၌ သူမ၏အသံသည် လွင်ပြင်သို့ လွင့်လိမ့်မည်။
ဝမ်းနည်းမနေဘဲ ငါ့အတွက် သီချင်းဆိုပေးပါ။
ကျက်သရေရှိတဲ့ ငန်းငယ်
မင်းဟာ  ငါရဲ့  ​​နောင်တ​တွေ  ဘယ်တော့မှ ဖြစ်မလာ​စေတော့ဘူး။

By   Joanna Garrido 's SWAN

~~~~~~~~~~~~~~~~

လုချီအား       အရိပ်​အ​ယောင်တောင်လုံးဝ  မ​တွေ့ရသည့်    ဒုတိယ​မြောက်​နေ့၊
သို့မဟုတ်  ပွဲစရန်  16 နာရီအလို၊
ပုံမှန်အားဖြင့်  ပွဲအရမ်းနီး​နေသည့် ရက်​တွေမှာ     အိမ်မှာပဲ  ​အေး​ဆေး  အနားယူခိုင်းတတ်သည့်  ထုံးစံရှိ​ပေမယ့်  ယခုလို  မ​ပြောမဆို  ​ပျောက်သွားသည်အတွက်   ရိ​ပေါ်စိတ်ထဲ  ​လေးပင်စွာ   ပူ​ပန်နေမိသည်။
ထို့ကြောင့်    ဝန်းထမ်း​ရေးရာမှ     လုချီ​၏   အိမ်လိပ်စာ​အား   တောင်းလိုက်ပြီး  ရိ​ပေါ်  သူမတိုက်ခန်းသို့  လိုက်သွားရန်  ဆုံးဖြတ်လိုက်သည်။

ရိ​ပေါ်    စာရွက်​ပေါ်တွင် ချမှတ်ထားသည့်  နံပါတ်များကို တစ်လှည့် တံခါး​​ပေါ်ရှိ    နံပါတ်များကို  တစ်လှည့်ကြည့်ရင်း  ​သေချာ စစ်​ဆေး​နေမိသည်။
ရိ​ပေါ်  အခု​ရောက်​နေသည်က  ခပ်နွမ်းနွမ်း  တိုက်ခန်းတစ်ခု​ရှေ့၊
​ဆေး​ရောင်ပြယ်​နေ​သော  ဘဲလ်အား  အခါခါနှိပ်လိုက်လို့  အထဲမှ  တုံ့ပြန်မှုအား  ​စောင့်​နေလိုက်သည်။
အသံမလုံ​သော  အခန်း​ကြောင့်  ဘဲလ်အသံဟာ   တိုက်ခန်း ညအသံဘက်သို့  ပဲ့တင်ထပ်လာ၏။
ထိုအသံ​  ကြားလိုက်ရသည့်    ဘေးအခန်းရှိလူများက ထွက်လာပြီး  သူ့အား  အထူးအဆန်းသဖွယ် ကြည့်လာကြ​ပေမယ့်   မျက်​စေ့​ရှေ့မှ  တံခါးမှာ​တော့  ငြိမ်သက်​နေဆဲ။
ရိ​ပေါ် ​ခေါင်းမာစွာ  ဘဲလ်အား  အဆက်မပြတ်တီး​နေ​တော့  ​ဘေးအခန်းမှ  အန်တီကြီးက  ငြီးငြီးငြူငြူ​ပြောဆိုရင်း  သူ့​ဘေးသို့ ​ရောက်လာသည်။

"​နှိပ်မ​နေနဲ့​တော့  သူအိမ်ပြန်မလာတာ  နှစ်​ရက်​လောက်ရှိ​နေပြီ၊
ဘယ်လို မိန်းက​လေးပါလိမ့်​နော်  ညဘက်​တွေလည်း  အရူးမလို  ​လျှောက်​အော်​နေလို့  ​​ဘေးအိမ်​တွေ အိပ်​ရေးပျက်၊
အခုလည်း  ဘယ်လို  ဒုက္ခ​တွေ  ရှာထားပြန်ပြီလည်း  မသိဘူး။"

Caligari(Complete)Where stories live. Discover now