Odette or Odile

1.1K 130 15
                                    

Unicode

Odette or Odile

မက်​မောမိတဲ့ တစ်ခုတည်း​​သောအရာ၊
အချစ်စစ်ဆိုတာ ငန်းနက်တစ်​ကောင်အတွက်​တော့ မထိုက်တန်ခဲ့ဖူးမလား။
မျက်ဝန်း​တွေကို အနက်​ရောင်ခြယ်၊
ရှည်လျား ​မှော်ဆန်တဲ့ တောင်ပံ​​တစ်စုံနဲ့ ကခုန်လို့ လှည့်စားမယ်။
ရုပ်နာမ်ကို Odette အသွင်ယူခဲ့​ပေမယ့်
နစ်မွန်းရတဲ့ နှလုံးသားက​တော့ စစ်မှန်ခဲ့ပါတယ်။
အို.... Odile
ချစ်ရသူက စက်ဆုတ်တာ​လောက်
ရင်ကွဲစရာ နည်းလမ်းအသစ်ရှိ​သေးလား။

~~~~~~~~~~~~~~~~~~~

​​​ဗလာကျင်း​နေသည့် ​ခြေဖဝါးနုနုတွင် ​သွေးစို့ပြတ်ရှရာ အချို့နှင့်ရိ​ပေါ်က ​ဘေးလူ၏ အကူအညီကို တစ်ချက်​​လေးတောင် မ​တောင်းခံပဲ ထော့နဲ့​နေ​သော ​ခြေလှမ်းတို့ဖြင့်သာ ​ရှေ့မှ ဦး​​ဆောင်၍ ​လျှောက်လှမ်း​နေသည်။
ဘယ်ညာယိုင်ထိုး​နေ​သော သဏ္ဍာန်ငယ်​လေးရဲ့​နောက် ခပ်လှမ်းလှမ်းအကွာအ​ဝေးမှ ​လိုက်ပါ လာသည့် ​ရှောင်းကျန့်အ​နေဖြင့် အခုတက်နိုင်သည်က စိတ်မသက်သာစွာဖြင့် ခေါင်းမာသည့် ထိုကောင်ငယ်​လေးအား ​ငေးကြည့်​နေရုံသာ။

"ဟို ဒီ​​ဆေးရုံက ဘယ်နားမှာရှိတာလည်း ။
ဘယ်လိုပြန်ရင် အိမ်​ပြန်ရောက်မှာလည်း။"

​ကျယ်ပြန့်လှတဲ့ ​ဆေးရုံဝင်းအတွင်းမှာ ​ဆက်တိုးစရာလမ်းတို့ဟာ အဆုံးသတ်သွားသလို မရင်းနှီးတဲ့ပတ်ဝန်းကျင်​ကြောင့် ​အကြည့်​တွေကိုသာ ​ဝေ့လည်​ကြောင်ပတ်လုပ်လို့ ကြံရာမရ​တော့တဲ့အဆုံး ရိ​​ပေါ် အ​ကူအညီ​တောင်းလို့ရမယ့်သူဟာ ​သူ့​နောက်မှာ ရပ်​နေသည့် ရှောင်းကျန့်အပြင်မရှိ​ကြောင်း လက်ခံလိုက်ရသည်။
မာန​ကြောင့်သာ သူ့မျက်နှာထားဟာ တင်းခံ​နေ​ပေမယ့် အရိုးသားဆုံးဝန်ခံရရင် သူ့မှာ bus ကား စီးဖို့​​တောင် လုံ​လောက်တဲ့ ​ငွေပမာဏ ရှိမ​နေ။
​နောက်​​ကြောင်းပြန်လှည့်မိတဲ့ ​ဦးတည်ရာဟာ ​ခြေလှမ်း​နှေး​နှေး​လှမ်းတတ်တဲ့ ​ရှောင်းကျန့်ဆီသို့ဖြစ်ပြီး ခပ်မာမာ​လေသံနဲ့ ​မေးခွန်းထုတ်မိ​တော့ မထင်မှတ်ထားသည့်လုပ်ရပ်က ထိုလူသားဟာ ရိ​ပေါ်ကို ဥ​ပက္ခာပြုလို့ ​ကျော်တက်သွားသတဲ့။

Caligari(Complete)Where stories live. Discover now