Book. : 67
Chapter. : 9 - 16
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••စာစဉ် ၆၇၊ အခန်း ၉။ အရှင်နတ်ဆိုးကို အလှလေးလို့ ခေါ်တယ်
ရီဝမ်ဝမ် စကားဆုံးသည့်အခိုက် …
အရှင်နတ်ဆိုး ။ "…"
အကြီးအကဲ လျောင်ဟယ် ။ "…"
အကြီးအကဲ ခုံး ။ "…"
ဂျိရှို့ ရန် ။ "…"
ကြည့်နေကြသူများ ။ "…"
အကျည်းတန်ရုပ်ဆိုးမ နှင့် ကောင်းကင်နတ်ဘုရား ။
အကျည်းတန်ရုပ်ဆိုးမကများ မေးစေ့လက်ထောက်ပြီး
နတ်ဘုရားကို သွားမြှူစွယ်နေတယ်လား … ။လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည် ။
အထူးအားဖြင့် သူမ အခုလိုနည်းဖြင့် ပရောပရည်သွားလုပ်နေသူသည် လွတ်လပ်သောနယ်မြေထဲ ဘယ်သူကမှ မော်မကြည့်ရဲသည့် ကြောက်စရာကောင်းလှ ပါသော မဟာမာရ်နတ်ကြီး ဖြစ်နေလေသည် မဟုတ်လား ။
ထိုထိတ်လန့်တုန်လှုပ်စရာ ကောင်းသည်က ..
အားလုံး ပါးစပ်အဟောင်းသား ဖြစ်နေမိကြချိန် ရီဝမ်ဝမ်သည် ထိုယောကျာ်းကို မျက်လုံးတစ်ဖက် မှိတ်ပြလိုက်ပြီး
လူလိမ်ပီပီ ဟန်ရေးချီသည့်စကားကို ဆိုလာသည် ။"အချောလေး .. ကိုယ်က နိမိတ်ဖတ်တဲ့နေရာမှာ တော်တော်လေး တော်တယ် ၊ အချောလေးကို နိမိတ်ဖတ်ကြည့်ပေးရမလား"
အရှင်နတ်ဆိုးသည် ထိုမူးရစ်ရီဝေနေသည့် မိန်းကလေးကို ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းတို့က မသိမသာလေး
တွန့် ချိုးသွား၏ ။ရီဝမ်ဝမ်သည် အထူးဧည့်သည်တော်နေရာဆီ ပြေးချလာသဖြင့် လူတိုင်းက သူမ ဘာလုပ်မလဲကို သိလိုစွာနဲ့ လိုက်ကြသည့်နေကြသည် ။
အကြီးအကဲ လျောင်ဟယ်က သူမကို သတိပေးစကား ဆိုလိုက်ချိန်တွင် ရီဝမ်ဝမ်၏ ရဲတင်းနေပုံမျိုးနှင့် ပွဲကြီးပွဲကောင်း ကြည့်ရတော့မည်ဟု သူတို့ ထင်လိုက်ကြ၏ ။
YOU ARE READING
Romanceစာစဉ် ၆၆ မှ စဖတ်နိုင်သည် ။ စာစဉ် ၆၆ မှ စဖတ်နိုင်သည် ။