ဇာတ်လမ်းအညွှန်း - ဇာတ္လမ္းအၫႊန္း

17.5K 481 5
                                    

☁️ ကောင်းကင်သစ်၏ မိုးတိမ်ပြာ ☁️

မိုးတိမ်ပြာနဲ့ မိုးတိမ်လွှာဆိုတဲ့ မောင်နှမနှစ်ယောက်ကြားက ချစ်ခင်ကြင်နာမှုလေးတွေက အစပြုပြီး သူတို့လေးတွေ တစ်နေရာဆီ ဝေးကွာသွားရတဲ့ ဇာတ်လမ်းရဲ့ အပိုင်း(၁) လေးကနေ စာဖတ်သူကို ‌ဆွဲခေါ်သွားမယ့်... ကောင်းကင်သစ်၏ မိုးတိမ်ပြာ....။

💙 မိုးတိမ်ပြာ 💙

အချိန်မပေးနိုင်တဲ့ မိဘတွေကြောင့် ကိုယ်တိုင် အချစ်ငတ်ခဲ့ပေမယ့် ညီမလေး မိုးတိမ်လွှာကိုတော့ သူ့လို မေတ္တာမငတ်မွတ်ရအောင် အစ်ကိုတစ်ယောက်ရဲ့ အချစ်တွေ အပြည့်အဝ ပေးစွမ်းခဲ့တဲ့ မိုးတိမ်ပြာ...။

ရှစ်တန်းကျောင်းသားဘဝမှာ မိဘတွေရဲ့ အိမ်ထောင်ရေး ပြိုကွဲမှုကြောင့် တစ်ဦးတည်းသော ခင်တွယ်ရာ ညီမလေး မိုးတိမ်လွှာနဲ့ ဝေးလွင့်ခဲ့ရတဲ့ မိုးတိမ်ပြာ...။

ဖခင်ဖြစ်သူရဲ့ ဇာတိမြို့ မန္တလေးက ကိုယ်ပိုင်အထက်ကျောင်းကြီးမှာ ကျောင်းဆက်တက်ရင်း ကျောင်းအုပ်ကြီးရဲ့ သားဖြစ်သူ ကောင်းကင်သစ်ရဲ့ ဂရုစိုက် ကြင်နာမှုတွေရဲ့ကြားမှာ သာယာချမ်းမြေ့ခဲ့ရသူ မိုးတိမ်ပြာ...။

ကောင်းကင်သစ်ကို အားကိုးတွယ်တာရင်း အချစ်တွေ နွယ်ကျွံမိရာက ဖွင့်ပြောဖို့ ကြိုးစားချိန်မှာ ကောင်းကင်သစ်က ကြွေရုပ်လွှာဆိုတဲ့ မိန်းကလေးကို ကြိုက်နေခဲ့မှန်း သိသွားချိန်မှာ သူ့အချစ်တွေကို မြိုသိပ်ထားလိုက်ရတဲ့ မိုးတိမ်ပြာ...။

💙 ကောင်းကင်သစ် 💙

အရွယ်နဲ့မလိုက်အောင် စိတ်ဒဏ်ရာတွေရပြီး သူတို့ကျောင်းကို ပြောင်းလာတဲ့ မိုးတိမ်ပြာကို အသနားပိုပြီး အစ်ကိုတစ်ယောက်လို စောင့်ရှောက်ဖေးမခဲ့တဲ့ ကောင်းကင်သစ်...။

သူတို့ကျောင်းသားတွေကြားမှာ ရေပန်းစားလွန်းတဲ့ ကြွေရုပ်ကလေးလို လှပနိုင်လွန်းတဲ့ ကြွေရုပ်လွှာဆိုတဲ့ ကောင်မလေးကို စိတ်ကစားမိရာက ချစ်ခွင့်ပန်ခဲ့တဲ့ ကောင်းကင်သစ်...။

ကြွေရုပ်လွှာနဲ့ ချစ်သူတွေဖြစ်လာကြပြီး မိဘတွေကို အသိပေးပြီးချိန်မှ သူ့နှလုံးသားထဲမှာ ပုန်းခိုကိန်းအောင်းနေခဲ့တဲ့ အချစ်စစ်တွေကို ရှာဖွေတွေ့ရှိသွားတဲ့ ကောင်းကင်သစ်...။

ကောင်းကင်သစ်၏ မိုးတိမ်ပြာ (Complete)Where stories live. Discover now