စာစဉ် ၆၉ (၉-၁၆)
1.9K 295 13
Book.              :  69
Chapter.          :  9 - 16
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၆၉၊ အခန်း ၉။ အတူအိပ်ခိုင်းလိုက်ပါလား
လွတ်လပ်သောနယ်မြေတွင် ။
ရိုးရှင်းသည့် ဥရောပအငွေ့အသက်တို့ဖြင့် တည်ဆောက်ထားသော စံအိမ်ကြီးသည် လုံခြုံရေး တင်းကျပ်လို့ နေ၏ ။
ဒီနေ့ စံအိမ်ထဲတွင် ဘယ်သူတွေ အစည်းအဝေး လုပ်နေမှန်းသာ သိလိုက်ပါက ကြောက်လွန်းလို့ ပြာဖြစ်သွားပေလိမ့်မည် ။
နှစ်ပေါင်းများစွာ သိုသိုသိပ်သိပ်နေခဲ့ကြသည့် အမှောင်ဂိုဏ်းကြီး ဖြစ်ချေသည် ။
သူ၏ အဓိကဂိုဏ်းကြီးသုံးဂိုဏ်းဖြစ်သော အဇူရာဂိုဏ်း ၊ ကောင်းကင်အာဃာတဂိုဏ်းနှင့် သတ်ဖြတ်ခြင်းမုခ်ဝ ဂိုဏ်း တို့၏ ခေါင်းဆောင်ကြီးသုံးယောက်သည် နှစ်ပေါင်းများစွာ ခွဲခွာနေရာကနေ ဒီနေ့ ပထမဆုံးအကြိမ် ပြန်လည်တွေ့ ဆုံ ကြလေပြီ ။
ကျန်းယန်နှင့် လင်းချွေ့ သည် တံခါးအပြင်တွင် တိတ်တိတ်လေး ရပ်ကာ စောင့်ကြပ်ပေးနေ၏ ။
ကောင်းကင်မှာ မှောင်ရီပျိုးလာပြီး ဆည်းဆာရောင်တို့ သူတို့ပေါ် သက်ဆင်းကျလာချိန် ကျန်းယန်၏ဖုန်းက တတီတီထမြည်လာလေသည် ။
ကျန်းယန်သည် ဘေးကို ဖြည်းဖြည်းချင်း လျှောက်သွားလိုက်ပြီး ဖုန်းကိုင်လိုက်၏ ။
“ဘာပြောလိုက်တယ်”
တစ်ဖက်လူက ပြောလိုက်သည့် စကားတစ်ခုကြောင့်
ကျန်းယန်မှာ ချက်ချင်း မျက်နှာမည်းသွား၏ ။
“သေသေချာချာ စောင့်ကြည့်ထား”
ကျန်းယန်သည် ထိုအမိန့်ပေးလိုက်ပြီးတာနဲ့ ဖုန်းချလိုက်၏ ။
ရီဝမ်ဝမ် လွတ်လပ်သောနယ်မြေကို ရောက်နေပြီဆိုတာ သိခဲ့ရကတည်းက တောက်လျှောက်ရုပ်ဖျက်နေခဲ့ရသည့် လင်းချွေ့ က ကျန်းယန်ကို ကြည့်လိုက်ကာ …
“ဘာဖြစ်လို့လဲ .. မင်းကြည့်ရတာ ချီးမှန်နေတဲ့ ရုပ်ကြီးနဲ့”