Part 2

9.6K 835 17
                                    

<Unicode>
"Florida Jeon လာပြီ!"

မနက်စာ စားရန် ထမင်းစားခန်းကို လာခဲ့ပါဆိုတဲ့ အထိန်းတော်ချွဲကြောင့် ထမင်းစားခန်းကို ရောက်နေရသည်

ထိုင်ခုံမှာလည်း မထိုင်ရသေးပါဘဲ အထိန်းတော် ဘေးမှာသာ မတ်တပ်ရပ်နေရသည်..

Florida Jeon လာပြီ ဆိုတဲ့ အသံကြောင့် လူတွေက ပျာပျာသလဲ ဖြစ်ကုန်ရသည်..

ပန်းကန်တွေ အမြန်ချကာ ဟင်း‌ပွဲတွေ အကုန်ပြင်ရပြန်သည်..

ကျနော်လည်း အကြီးအကဲသားမို့ အတော်အသင့် နေနိုင် စားနိုင်ပင်မယ့် အိမ်တော်မှာက ဒီလောက်ထိ ဗျာမများရဘူး..

ဒီမှာက အတော်ကို မျက်စိရှုပ်စရာ ကောင်းလှသည်

ဝတ်ရုံရှည်‌ကြီးက တလွှင့်လွှင့်နဲ့ သူ ရောက်ပြန်တော့ အားလုံးက ခေါင်းငုံ့နေကြပြန်သည်..

ကျနော့်ရှေ့က ဖြတ်လျှောက်သွားတဲ့ နက်မှောင်နေတဲ့ ကတ္တီပါ ဖိနပ်.. Florida Jeon က အနက်ရောင်ကို သိပ်ကြိုက်သည်လေ..

ရွှေပန်းကန်နဲ့မှသာ စားတတ်တဲ့သူက ဟင်းတစ်မျိုးကို ယူလိုက်သည်

"ဒါကို စားစရာလို့ ခေါ်တာလား"

စားဖိုမှူးတစ်ယောက်က ပြေးလာကာ ပန်းကန်ကို သိမ်းသွားသည်

"မင်းလား"

စားဖိုမှူးကို အပြစ်ရှာပြန်သည်

"ကျနော် မှားသွားပါတယ် Florida.. "

ဒူးထောက်ချကာ တောင်းပန်နေတဲ့ လူ..

"အင်း သွားလို့ရပြီ နောက် မမြင်ချင်ဘူး "

စားဖိုမှူးက ပိုပြီး ကိုယ်ကို ကိုင်းညွတ်ကာ ရှိခိုးမတတ် တောင်းပန်သည်

တစ်ခန်းလုံး ထိုလူ့တောင်းပန်းသံက ကြီးစိုးထားသည်

"မနက်အစောကြီးကို သွေးချောင်းစီးအောင်လုပ်နေတယ်"

သူကတော့ အေးအေးလေးဘဲ ကော်ဖီသောက်ကာ ခပ်ပြုံးပြုံးနဲ့ ပြောနေသည်

မြင်နေတဲ့ မျက်ဝန်းတွေက အေးစက်နေကာ အသက်မဲ့‌လွန်းနေသည်..

အစောင့်တွေက ထိုလူ့ကို ဆွဲထုတ်သွားကြတယ်.. ဘယ်သူကမှ တစ်ယောက်လေးတောင် ဝင်မပြောရဲသည်ထိ သူ့ကို ကြောက်ရသည်..

The Rex Of Canis [Completed]Where stories live. Discover now