Part 17

4.9K 581 42
                                    

<Unicode>
castle ကိုရောက်တော့ ဒီညက အတော်ကို တိတ်ဆိတ်နေသည်။ castle တစ်ခုလုံးက လူတိုင်းက အရှင့်ရဲ့ မျက်နှာ အနေအထားကို ကြည့်ပြီး ခပ်ဝေးဝေးသာ နေကြသည်။

ကျနော့်လက်ကို အတင်းဆွဲခေါ်လာသည်မို့ အထိန်းတော်ကြီးက ရောက်လာကာ အခြေအနေကို လာထိန်းပေးသည်

"Florida.. castle မှာ စောင့်‌ကြည့်နေကြတဲ့ မျက်လုံးတွေ များပါတယ် "

"မင်းတို့ မျက်လုံးတွေ ဖောက်ထုတ်မခံချင်ရင် ဝေးဝေးသာ သွားနေ!"

သူ့ အသံ တစ်ခုလုံးကသာ castle ထဲမှာ ဟိန်းထွက်လို့ သွသည်။ လူတိုင်းက အလျှိုအလျှို ထွက်သွားကြကာ အထိန်းတော်ကြီးကပါ ရှောင်ပေးသည်

အရှင့် အခန်းထဲ ရောက်တော့ ကျနော့်ကို တစ်ချက် စေ‌့စေ့ကြည့်ကာ ပြတင်းပေါက် ဘက်ခြမ်းကို မျက်နှာ မူထားသည်။ ကျနော့်ကို မကြည့်ချင်ဖူး ဆိုသည့် အမူအရာ..

"ကျနော် ဘယ်တုန်းကမှ အရှင့်အပေါ် မလှည့်စားခဲ့ဖူးပါဘူး ကျနော့်ကို မကျေနပ်ရင် ကြိုက်သလို လုပ်လို့ ရပါတယ်။ ဒီတိုင်း မျက်နှာချင်းတောင် မဆိုင်နိုင်အောင်ထိ ကျနော့်ကို မနှိပ်စက်ပါနဲ့.. အရှင် မှန်ပါတယ်။ အရှင်မေးတိုင်း ဘယ်တုန်းကမှ ချစ်ပါတယ် လို့ မပြောခဲ့ဖူးဘူး။ ကျနော် လူတစ်ယောက်ကို ချစ်ပါတယ်ဆိုတာ နှုတ်က မပြောတတ်ဘူး.. အလုပ်နဲ့ဘဲ သက်သေပြတတ်တယ်။ အရှင့်ကို မချစ်ပါဘူးလို့ ဘာကြောင့်များ ထင်နေရတာလဲ.. ကျနော်ကရော ဘယ်တုန်းကများ အရှင့်အပေါ် သစ္စာဖောက်မိခဲ့လို့လဲ.. Ryan က ကျနော့်ကို ကူညီပေးခဲ့လို ပြန်ကူညီပေးရုံပါ.. ကျနော့်အပေါ် မယုံတာမျိုး မဖြစ်ပါနဲ့ "

အရှင့် နောက်ကျောဘက်ကို ကြည့်ကာ ဖြေရှင်းချက် မျိုးစုံ ပေးနေမိသည်။

"ငါတို့ နောက်မှ အေးဆေး ပြောကြမယ် အခု နားချင်နေပြီ "

အနက်ရောင် မွေ့ရာဆီကို ‌ဆွဲခေါ်လာကာ ကျနော့်ခြေထောက်ကို ဆွဲကိုင်သည်။
ဘယ်တုန်းက ယူလာတဲ့ သံကြိုးမှန်း မသိပင်မယ့် ကျနော့် ခြေကျင်းဝတ်ကို ကုတင်တိုင်နဲ့ ချိန်ဆွဲထားသည်

"အရှင်!"

"မကြားချင်လို့ ဒီလောက်ပြောနေတာ မင်း နားလိုက်တော့ !"

The Rex Of Canis [Completed]Where stories live. Discover now