Part 9

5K 634 39
                                    

<Unicode>
လူခပ်ရှင်းရှင်းနဲ့ တိုကျိုမြို့က ကော်ဖီဆိုင်..

ချောင်ကျနေတဲ့ မျက်တွင်းညိုညိုတွေနဲ့ သူမက ကျနော်နဲ့ ရှိတုန်းကလို ဟုတ်မနေဘူးပေါ့

အေးဆေးစကားပြောရအောင် အရှင့်ကို ခွင့်တောင်းပြီး ဒီဆိုင်ကို လာခဲ့မိတယ်.. မနေ့ညကလည်း Ri ကြောင့်ဘဲ တော်တော်နဲ့ အိပ်မပျော်နိုင်ခဲ့ဘူး..

ညနက်နေပြီမို့ အန‌ီးနားက hotel တစ်ခုငှားကာ သူမကို အနားယူစေဖို့ အရှင့်ကို ခွင့်တောင်းခဲ့ရသေးသည်.. o no shiro ကို ခေါ်သွားဖို့က မဖြစ်နိုင်တာမျိုးလေ..

ဒီနေ့က Florida တွေ စုဝေးပွဲရှိသည်မို့ အရှင်ကတော့ ပွဲတက်ရပင်မယ့် ကျနော်ကတော့ သူမနဲ့ တွေ့နေရသည်.. သူမ ပုံက ဘယ်လိုမှ စိတ်မအေးနိုင်ဖွယ်ရာ ဘဲလေ..

ဂျပန်လို နေရာမ‌ျိုးမှာ သူမကို ဒီလို ပုံစံနဲ့တွေ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှ တွေးမထားခဲ့မိဘူး

"ဒီအတောအတွင်း အဆင်မပြေခဲ့ဘူး ထင်တယ်"

ခေါင်းကိုငုံ့ကာ ထိုင်နေတဲ့ သူမကို ကျနော်ကဘဲ စကားစခဲ့မိတယ်..

"ဘယ်လို့ ဂျပန်ကို ရောက်နေတာလဲ မင်းကို ဆိုလ်းမှာဘဲ ထင်ထားတာ"

"အော ဒီတိုင်း ကိစ္စလေး ရှိလို့ "

စားပွဲပေါ် တင်ထားတဲ့ လက်နှစ်ဘက်ကို ယှက်ကိုင်ကာ လက်သည်းတွေကို ကုပ်ခြစ်နေတဲ့ သူမ.. လိမ်ညာနေတဲ့ အချိန်တွေဆို သူမ လုပ်နေကျ အမူအကျင့်တစ်ခုပေါ့

"ဘာကိစ္စလဲ ငါ သိလို့မရဘူးလား Ri "

မျက်ရည်တွေ ဝဲနေတဲ့ ခပ်ဆွေးဆွေး အကြည့်တေ‌ွနဲ့ ကျနော့်ကို ကြည့်လာသည်..
Ri က ဟိုးအရင်တည်းက အားငယ်တတ်ပြီး သန်မာတဲ့ သူတစ်ယောက်မဟုတ်လို့ အမြဲ ဂရုစိုက်ခဲ့ရသည်..

မကြာခဏ ဖျားတတ်ပြီး အနားမှာ လူတစ်ယောက်က အမြဲ ရှိနေနိုင်မှ သူမအတွက် အဆင်ပြေနေတာမျိုး..

"ငါ့ကို ပြောပါ ကူညီနိုင်တာဆို ကူညီပေးမယ်"

လက်သည်းတွေ ကုပ်ခြစ်နေတဲ့ သူမလက်တွေကို စုပ်ကိုင်လိုက်မိတယ်

"ကိုယ်ဝန်ရ‌ှိနေပြီ.. Jae Min နဲ့ ဖြစ်ခဲ့ကြတာ.."

Ri က အရှက်သည်းပြီး မာနခပ်ကြီးကြီးနဲ့ မိန်းကလေးမို့ ကျနော်နဲ့တွဲတုန်းကတောင် တော်ရုံ skinship တွေ လုပ်လေ့မရှိဘူး

The Rex Of Canis [Completed]Where stories live. Discover now