Part 15

5.4K 597 53
                                    

<Unicode>
အတော်ကို ကြီးလွန်းတဲ့ ဇိမ်ခံကားကြီးက မကျဉ်းမကျယ် လမ်းလေးထဲမှာ အရှိန်နဲ့ မောင်းနေသည် လေ..

ပျားရည်ဆမ်းခရီးဆိုကာ ပင်လယ်ဘက်ကို ထွက်လာကြသည်..

ပင်လယ် မရောက်ဖြစ်တာအတော်ကြာပြီမို့ ကျနော် နှစ်နှစ်ခြိုက်ခြိုက် ပြုံးမိသွားသည်။

"မင်းက ကလေးတွေလို အရမ်း ပျော်နေလိုက်တာ "

အနောက်ကို ကြည့်ပြီး ပြောနေသည်မို့ လိုက်ကြည့်မိတော့ သူ့ကလေး နှစ်ကောင်ကလည်း မျက်လုံးတွေ ဝိုင်းစက်ကာ ပင်လယ်ကို မလွတ်တမ်း လိုက်ကြည့်နေကြသည်..

ပျားရည်ဆမ်းခရီးပါဆိုမှ ကလေး တွေကိုပါ ခေါ်လာသေးသည်..

အရှေ့ရော အနောက်မှာရော ကားတန်း အရှည်ကြီးနဲ့ ဘုရင်ဆိုတဲ့ ပါဝါကို ဒီမှာပါ ပြနေသေးသည်..

ကားနက်ကြီးတွေ တန်းစီကာ ကမ်းခြေနဲ့ မနီးမဝေးက အိမ်အသေးလေးရှေ့ ရပ်လိုက်ကြသည်..

ပစ္စည်းတွေကို နေရာချပေးနေတဲ့ လူတွေက အလုပ်ရှုပ်နေကြသေးသည်..

တစ်ပတ်လောက်ဘဲ ကြာမည့်ခရီးကို တစ်လ စာ လောက် ထည့်လာသည်လေ..

ကျနော့် လက်ကို ဆွဲကာ အိမ်လေးထဲ ဝင်တော့ ‌castle နဲ့ မခြားမနားစွာ အပြင်အဆင်က ကြီးကျယ်ခမ်းနားနေပြန်သည်..

ဘုရင်ဆိုတဲ့ အရာက ဒီလောက်ထိ ကြီးကျယ် တတ်မှန်း ခုမှ သိသည်..

"ဗိုက်ဆာနေပြီ လား မောင် ချက်ကျွေးမယ် "

မောင် ဟု တစ်ခါ သုံးလိုက်တိုင်း ကျနော်က ကြောင်ကာ ကြည့်မိ‌သည်..

‌မနေ့က ညက အမှတ်မထင် ‌သုံးသွားတာမို့ နားကြားမှားသည်ဟု ထင်မှတ်ထားခဲ့သည်

အခုကတော့ တကယ် အစစ်အမှန် ဖြစ်သည်..

"ဒီအိမ်မှာက မောင်တို့ နှစ်ယောက်တည်းလေ
စားဖိုမှူးကိုတော့ ခဏ နားခိုင်းမလို့.. မောင် ကိုယ်တိုင် ချက်ကျွေးမယ် ဘာစားမလဲ "

အပေါ်ထပ် အနက်ရောင် ကုတ်ကို ချွတ်ကာ necktie ကို လျော့ရင်း အဖြူဆွတ်ဆွတ် ရှပ်လက်ရှည်ကို ခေါက်တင်ကာ ပြောနေသည်က ကျနော် မမြင်ဖူးခဲ့တဲ့ ပုံစံ အသစ်အဆန်း ဖြစ်သည်..

The Rex Of Canis [Completed]Where stories live. Discover now