Part 13

5.4K 607 43
                                    

<Unicode>
Acorn Street ထဲက နီညိုရောင် အိမ်လေးထဲမှာ မျက်နှာချင်းဆိုင်ရပ်နေကြတဲ့ ကျနော်တို့ သုံးယောက်..

တကယ်ဆို မျက်နှာပံုစံက နှစ်ခုတည်းပင်မယ့် လူက သုံးယောက်ဆို ပိုမှန်သည်ပေါ့

Ryan က အကြီးဆို Daniel က အငယ် ဖြစ်သည်.. အမွှာတွေက ခွဲမ‌ရအောင် တူနေတာမို့ ဘယ်သူက ဘယ်သူလဲ မသေချာဘူး

အဝတ်အစားကြောင့်ရယ်၊ ဆံပင်ရယ်ကြောင့်
တော့ သေချာလေး ခွဲလို့ရသည်။ ကျနော်သိတဲ့ တစ်ယောက်က ရိုးရိုးလေးနဲ့ ခန့်ညားနေတာမျိုးဆို မသိတဲ့ တစ်ယောက်က မိုက်ကန်းကန်း ပုံစံ ဖြစ်သည်

နှစ်ယောက်လုံးက ကိုရီးယားစကားကို တော်တော်လေး ကျွမ်းကျင်ကြသည်.. အမေဖြစ်သူက ကိုရီးယားစပ်သည်လို့ ပြောသည်..

တစ်အိမ်လုံးမှာ ဆေးလိပ်နံ့တွေ မွှန်ထူနေလို့ အသက်ရှုတောင်ကြပ်လာရသည်..

Daniel ကတော့ ဆေးလိပ်သောက်ရင်း စူးစူးရဲရဲ မျက်လုံးတွေနဲ့ စေ့စိုက်ကြည့်‌ေနသည်

"ဆိုတော့ kim Taehyung ပေါ့.. ကိုရီးယားကပေါ့ အာရှသားတွေက သိပ်ချောတာထက် ပိုလှတယ် နော်.. ခန္ဓာကိုယ်ကလည်း အမိုက်စား ဘဲ "

ပါးစပ်ထဲက ဆေးလိပ်ငွေ့တွေ ထုတ်ရင်း နှုတ်ခမ်းတွေကို မဲ့ရွဲ့ပြကာ ပြောနေသည်က အမြင်ကပ်စရာ ကောင်းလှသည်..
ကျနော် အမြင်ကပ်ခဲ့ဖူးတဲ့ တစ်စုံတစ်ယောက်ထက်တောင် ပိုဆိုးနေသေးသည်

"ပါးစပ်က အားနေတိုင်း လိုက်ပြောနေတာမျိုးတွေ မုန်းတယ်.. ငါတို့ အဆင်မပြေလောက်ဘူး ထင်တယ်.. ငါ အိမ် အသစ် ရှာလိုက် မယ် Ryan "

ရှေ့က အမြင်ကပ်စရာကောင်ကို မျက်စောင်းထိုးရင်း ပြောတော့ ရယ်ကျဲကျဲ လုပ်နေပြန်သည်.. Ryan ကတော့ စိတ်မကောင်းဖြစ်ကာ အား‌နာနေသည်

Daniel ဆိုသူက ဒီအိမ်မှာ နေမည်ဆိုတော့ သူ့လို အချိုးရယ်၊ ကျနော့်လို စိတ်ရယ်ဆို ဘယ်လို အဆင်ပြေနိုင်မည်လဲ

အရှင့်တုန်းက ဘုရင်မို့ ကြောက်ခဲ့ပင်မယ့် သူက ဘာမို့လို့လဲ..

"နေပါအုံးကွာ.. Daniel က ဒီလိုဘဲ ငယ်ငယ်တည်းက စကားအပြောအဆို မတတ်ဘူး.. ငါတို့နဲ့ နေပါ Taehyung ရာ "

The Rex Of Canis [Completed]Where stories live. Discover now