Part 12

5.2K 588 40
                                    

တဖြည်းဖြည်း အနားနားဆီ နီးကပ်လာလေ ပိုပြီးတော့ တုန်လှုပ်လာခဲ့မိတယ်..

ဘယ်တုန်းကမှ.. ဘယ်တော့မှ တွေးမထားခဲ့မိဘူး..

ယောက်ျား တစ်ယောက် ဖြစ်တဲ့ ကျနော်က နောက်ထပ် ‌ယောက်ျားတစ်ယောက်ဖြစ်တဲ့ သူ့ ဆီမှာ အခုလို ကလေးတစ်ယောက်လို ကြောက်ရွံ့တုန်လှုပ်နေမယ် လို့.. ဘယ်တုန်းကမှ အတွေးထဲမှာ ရှိမနေခဲ့ဘူး..

ရုတ်တရက်ကြီး ထပ်ကြားနေလိုက်ရတဲ့ ခြေသံ ခပ်တိုးတိုး.. ပုန်းနေမိတဲ့ ခြုံတွေကြားထဲမှာ လူတွေ မမြင်နိုင်တဲ့ လမ်းသွယ်သေးသေး‌‌ေလးကနေ ထွက်လာတဲ့ နောက်ထပ် လူတစ်ယောက်..

"ဟမ် လူတွေ ရှိတယ်လား ?"

တောထဲကို ခရီးထွက်လာတယ်လို့ ထင်ရလောက်အောင် လွယ်အိတ် အကြီးကြီး လွယ်ထားသူက အရှင့်ကိုတွေ့တော့ ဝမ်းသာအားရ လက်တွေ အတင်းဆွဲသည်

စိတ်ရှုပ်နေသလို အကြည့်တွေနဲ့ ထိုလး့လက်ကို ဖယ်ချကာ အနောက်မှ သက်တော်စောင့်တွေကလည်း ထိုလူ့ကို အတင်းဆွဲဖယ်ကုန်ကြသည်..

"ခြုံတွေထဲမှာ မင်းလား "

မြင်ဖူးနေကျ မဟုတ်တဲ့ လူတစ်ယောက်.. အနက်ရောင် ဝတ်စုံနဲ့လူက ဘေးကနေ ဝင်ပြောနေသည်.. အရှင့်ရဲ့ သစ္စာရှိ သက်တော်စောင့် Haru ဖြစ်မည် ထင်သည်..

ပုံမှန်ကို အချိန်တော်တော်များများက နံရံတွေရဲ့ ကွယ်ရာမှာ နေတတ်တဲ့ သူပေါ့..

"ဗျာ ဒီမှာက ကျနော်ဘဲ ရှိတာ.. မနက်တည်းက အဖွဲ့တွေနဲ့ ကွဲပြီး လမ်းပျောက်သွားတာ လူဆိုလို့ အခုမှ ခင်ဗျားတို့ကို မြင်ရတာ "

ထိုလူ့စကားကြောင့် အတော်လေး စိတ်သက်သာရာ ရသွားရသည်..

ခဏကြာတော့ ဆန့်ကျင်ဘက်ဆီ တန်းတန်းမတ်မတ် သွားနေပြီ ဖြစ်တဲ့ အရှင်..

တော်တော်လေး ကြာလို့ မီးတုတ်တွေရဲ့ အလင်းရောင်တွေ မမြင်ရတော့မှ ထွက်လာတဲ့ သူစိမ်းဖြစ်သူရဲ့ စကားသံ..

"ခြုံထဲက မင်း ထွက်လာလို့ရပြီ သူတို့ မရှိတော့ဘူး "

တအံ့တဩဖြစ်ကာ တုန်တုန်ရီရီနဲ့ ထွက်လာမိတဲ့ ကျနော်.. ထိုလူစိမ်းကို အနီးကပ်ကြည့်မိမှ ဒီမြို့က မဟုတ်ပုံရသည်..

The Rex Of Canis [Completed]Where stories live. Discover now