Part 7

5.7K 687 34
                                    

<Unicode>
ချွေးစအနည်းငယ်က နားသန်စက်ကနေ စီးကျနေလို့ towel အဖြူအသေးလေးကို ယူကာ သုတ်ပေးမိသည်..

အနည်းငယ် ကောက်ကွေးနေတဲ့ ဆံပင်အနက်တွေကို ညှပ်ပစ်ကာ ပုံစံအနည်းငယ် ပြောင်းထားတဲ့ အရှင်က အခုဆို undercut နဲ့..

"ဒီတိုင်း ကြည့်နေအုံးမှာဆို ကျနော် နေရခက်တယ် အရှင် "

တိုက်ကွမ်ဒို ကစားသည့် အင်္ကျီအနက်က အနည်းငယ် ဟနေသည်မို့ မြင်နေရတဲ့ ရင်အုပ်ကျယ်ကျယ်မှာ ချွေးစတွေက ရွှဲလို့ပေါ့..

Towel အဖြူကို ယူကာ သုတ်ပေးပြန်တော့ နီးကပ်နေတဲ့ ကျနော့်မျက်နှာကို စေ့စိုက်ကြည့်လို့‌ေနပြန်သည်..

တစ်နေ့တစ်မျိုး မရိုးရအောင် လုပ်ပေးရတဲ့ အရှင့် ကိစ္စတိုင်းက ကျနော့်တာဝန်သာ ဖြစ်လာခဲ့တယ်..

ဂေဟာကို မရောက်ဖြစ်တာ ကြာသလို ဂေဟာကိုလည်း အရှင်က လိုလေသေး မရှိအောင် ထားပေးသည်.. ဒါက နေ့တိုင်း သူ့ကို ပြုစုပေးရတဲ့ ကျနော့် လုပ်အားခလို့ သူက သတ်မှတ်ထားသည်..

"မင်းက ဘာလို့ လှအောင် နေ‌တာလဲ "

တစ်ခါတစ်လေ ဖြေရခက်တဲ့ ထူးထူးဆန်းဆန်း မေးခွန်း‌ေတွ မေးရင်း ကျနော့်ကို အခက်‌ကြုံအောင် လုပ်တတ်သည်..

ဒီတိုင်းလေးဘဲ တွဲဖြစ်ခဲ့ကြတာ သုံးလထဲတောင် ရောက်နေခဲ့ပြီ.. Ri နဲ့လည်း အဆက်အသွယ်မရသလို ကျနော်တို့က ဘယ်လို ပတ်သတ်မှုလဲတောင် မသိတော့ဘူး

"အပြင်သွားကြရအောင်.. တစ်နေရာပေါ့.. "

ညဘက်ကို ရောက်နေပြီမို့ ရာသီဥတုခပ်အေးအေးနဲ့ကို အရှင်က အပြင်ထွက်ချင်နေသည်..

လူနည်းနည်းလေးသာ ရှိတဲ့ Seoul ရဲ့ cinema ကိုလာကာ Your Eyes Tell ဆိုတဲ့ ဂျပန်ရုပ်ရ‌ှင်ကို ကြည့်ဖြစ်ခဲ့ကြသည်

ကြေးစားလက်ဝှေ့သမားလေးနဲ့ မျက်မမြင် မိန်းကလေးတို့ရဲ့ အချစ်ဇာတ်လမ်းကို ‌ပုံဖော်ထားသည်မို့ ကြေကွဲစရာ ဇာတ်အိမ်တစ်ခုပေါ့..

အဆုံးသတ်ထိကို ရင်တမမဖြင့် ကြည့်ဖြစ်ခဲ့ရသည်.. တော်သေးသည်က နောက်ဆံုးမှာ အတူရှိနေနိုင်သေးလို့ပေါ့.. မဟုတ်ရင် ဒီတစ်ညလုံး အိပ်မပျော်နိုင်မည် မဟုတ်လား..

The Rex Of Canis [Completed]Where stories live. Discover now