Part 4

6.3K 761 60
                                    

<Unicode>
အခန်းအကြီးကြီးရဲ့ ဒေါင့်စွန်းနားက အခန်းသေးသေးလေးထဲမှာ သီးသန့်အနေနဲ့ ကျနော့်ကို နေခိုင်းခဲ့တာ တစ်ပတ်ရှိပြီ

တစ်ပတ်လုံးလည်း မနက်ဆို မင်းသားငယ်ကို စန္ဒရားတီးသင်ပေးရပြီး ညဘက်ဆို Florida အတွက် အိပ်ရာဝင်တေးသွားပေါ့

သူ မအိပ်မချင်း ဘေး‌နားကနေ သံစဉ်အေးအေးနဲ့ ဖျော‌်ဖြေပေးရတယ်

ဒါက နောက်ထပ် အသစ်ရောက်လာတဲ့ ကျနော့်အလုပ်ပေါ့

မင်းသားငယ် Jung Hoon ကို အတန်းစဖို့ Florida အခန်းထဲက အထွက် လူတွေက ရုတ်ရုတ်သဲသဲဖြစ်ကာ အလျင်လိုနေကြသည်

ပစ္စည်းတွေကို အမြန်ရွေ့ကာ ဗျာများနေကြသည်

"ဘာဖြစ်လို့လဲ "

ဘေးက ဖြတ်သွားတဲ့ ကောင်လေးကို ခေါ်မေးမိသည်

"မနက်ဖြန်က Florida မွေးနေ့လေ "

ချက်ချင်းဘဲ ဖြေပြီးပြီးချင်း အလျင်စလို ထွက်သွားသည်..

တစ်ခန်းဝင် တစ်ခန်းထွက်နဲ့ လူတွေက အလုပ်များနေသလောက် Florida ကတော့ သူ့ရဲ့ ပန်းခြံထဲမှာ Bert ရယ် Leo ရယ်နဲ့ ဆော့နေနိုင်သေးသည်

"ဒီနေ့ အတန်း စောစောဆင်းကြမလား အကို"

စန္ဒရားခုံပေါ် ထိုင်ကာ စောင့်နေတဲ့ မင်းသားက ခပ်ပြုံးပြုံးနဲ့ ပြောလာသည်

"မနက်ဖြန်က အကိုဂျွန်မွေးနေ့မို့ လက်ဆောင်တွေ ပြင်ဆင်ချင်လို့ ပါ.. အဆင်ပြေတယ် မဟုတ်လား အကို "

အရာရာက သူတို့အမိန့်ဘဲမို့ အဆင်‌မပြေစရာ အကြောင်းမှ မရှိနိုင်တာ

အတန်းကို မြန်မြန်စကာ မြန်မြန်ဘဲ လက်စသတ်ပေးခဲ့သည်..

မင်းသားကတော့ ပြုံးရယ်နေကာ Florida အတွက် လက်ဆောင်ပြင်ရန် ထွက်သွားတော့သည်

"ဟား ဟား! မင်းက သိပ်ချစ်ဖို့ကောင်းတာဘဲ ကလေးရေ "

သဘောတကျ ရယ်မောနေသံကြောင့် ခဏတာ မှင်သက်နေမိတယ်

စန္ဒရား လေ့ကျင့်ခန်းနဲ့ Florida ပန်းခြံနဲ့က နီးတာမို့ ပန်းခြံထဲက အသံတွေကို ရှင်းရှင်းလင်းလင်းကြားနေရသည်

The Rex Of Canis [Completed]Where stories live. Discover now